LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 29 April 2013

မိတ္ထီလာ ပြန်လည်ထူထောင်ရေး သုံးလအတွင်း ပြီးစီးနိုင်

ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ကို သုံးလအတွင်း  ပြန်လည်ထူထောင်နိုင် မယ်လို့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ ဘေးဒုက္ခလျော့ပါးရေးနဲ့ ပြန်လည်နေရာ ချထားရေးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဘာသာရေး

မိတ္ထီလာ ဒုက္ခသည် ဒုတိယအသုတ် ပြန်လည်နေရာချ

ပီးခဲ့တဲ့မတ်လအတွင်းက မိတ္တီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို ဒီကနေ့မှာ ဒုတိယအသုတ်အဖြစ် လူဦးရေ ၄၀၀ နီးပါးကို အာဏာပိုင်တွေက ထပ်မံနေရာချထားပေးနေပါတယ်။

လက်ပံတောင်းတောင်အရေး ကူညီလှုပ်ရှားသူများ အမှုဖွင့်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ၈ ဦးကို နယ်မြေအေးချမ်းသာယာရေး ပျက်ပြားအောင် လုပ်ဆောင်သူတွေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူတဲ့ ကြေညာချက် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကိုသာ တရားမျှတစွာ ကျင့်သုံး အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ အများအပြားကို တားဆီးကောင်း တားဆီးနိုင်ခဲ့လိမ့်မယ်လို့ ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ပင်တဦးက ပြောပါတယ်။ ဒါ့အပြင်

မြန်မာ-အမေရိကန် ကူးသန်းရောင်းဝယ်ရေး အလားအလာ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အိုဘားမားအစိုးရရဲ့   စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အထူးသံတမန်  Demetrios Marantis  က မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့  ကုန်သွယ်ရေးဆိုင်ရာ အထွေထွေဦးစားပေး အဆင့်အတန်း ပြန်ပြီးတော့ သတ်မှတ်ပေးတာဟာ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအတွက် တွန်းအားပေးတဲ့ နည်းလမ်းတရပ်လည်း ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဧပြီလ (၂၆) ရက်နေ့မှာ အထူးသံတမန်

မွန်ဂိုလီယားဒီမိုကရေစီညီလာခံ ဒေါ်စုတက်ရောက်

     အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီယားသမ္မတ Tsakhiagiin Elbegdorj ရဲ့ဖိတ်ကြားချက်နဲ့ မွန်ဂိုလီယားနိုင်ငံ Ulaanbaatar မြို့မှာ (၇) ကြိမ်မြောက် ဒီမိုကရေစီနိုင်ငံများ အသိုင်းအ၀ိုင်းအဖွဲ့ Community of Democracy အစည်းအဝေးကို တက်ရောက်ဖို့ မွန်ဂိုလီယားကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အင်္ဂါနေ့မှာ မွန်ဂိုလီယားသမ္မတနဲ့အတူ ပူးတွဲပြီး ဟောပြောဖို့ရှိတဲ့အကြောင်း မွန်ဂိုလီယားအစိုးရက ကြေညာထားပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုက
ျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana

ရုပ်သံလွှင့်လုပ်ငန်း ၁၀ ခု အီရတ်လိုင်စင်ရုပ်

အီရတ်နိုင်ငံထဲမှာ ဂိုဏ်းဂဏကွဲ အကြမ်းဖက်မှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ စွပ်စွဲပြီး al-Jazeera အပါအဝင် Satellite ရုပ်သံလွှင့်လုပ်ငန်း ၁၀ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို အီရတ်အစိုးရက ယာယီရပ်စဲလိုက်ပါတယ်။ ချက်ချင်း အသက်ဝင်တယ်လို့ ဖော်ပြတဲ့ လုပ်ငန်းလိုင်စင်တွေ

ပါကစ္စတန်ရွေးကောက်ပွဲအကြို တိုက်ခိုက်မှုတွေဖြစ်ပွား


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ မေလ ၁၁ ရက်နေ့ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကို ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ လူ ၈ ဦးထက် မနည်းသေဆုံးခဲ့ရပါတယ်။

Kohat မြို့ဆင်ခြေဖုံးဒေသရှိ အမျိုးသားလွှတ်တော်

တိုင်းရင်းသား ဘာသာစကား မီဒီယာကွန်ရက်ဖွဲ့မည်


မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသား မီဒီယာအဖ
ွဲ့တွေရဲ့ ၃ ရက်ကြာ ညီလာခံဟာ ဒီကနေ့ ပြီးဆုံးသွားပြီး ဒီညီလာခံမှာတော့ အသစ်ပြဌာန်းမယ့် မီဒီယာဥပဒေမှာ

မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိနေပေမဲ့ စစ်ရေးအရဆက်ဆံမှု ကိုတော့ သတိထားသင့်တယ်လို့ အမေရိကန် ဆီးနိတ်အမတ် Benjamin Cardin ကပြောလိုက်ပါတယ်။ ဆီးနိတ်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီက ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာရှဒေသမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့

Friday 26 April 2013

ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ


ကြွက်နို့တွေအတွက် သဘာဝနည်းလမ်းကောင်းများ
by ပိုပိုဇော်(သဘာဝအားအင်)


အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့

Thursday 25 April 2013

ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဥရောပ တိုင်ပင်ခဲ့

ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး မိမိနဲ့ တိုင်ပင်ရာမှာ ထောက်ခံပြောဆိုခဲ့ကြောင်း RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ

မန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။
အစိုးရကချမှတ်ထားတဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲစနစ်နဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေ  တစ်အိမ်တစ်ယောက်နှုန်း လျှောက်ထားခွင့်အတိုင်း မပြုလုပ်ပဲ မနေ့ကရောင်းချတဲ့အခါမှာ အဲ့ဒီစနစ်အတိုင်း အာဏာပိုင်တွေဘက်က

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာမည်


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို ပြန်လည် သုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဒီနေ့ရေးသားပါတယ်။

မြန်မာနိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် အမေရိကန် ပြည်ထောင်စုက အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုဖို့ ပြန်လည်သုံးသပ်နေတာဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Demetrios Marantis ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး အစိုးရနဲ့

ဒေါ်အောင်ဆန်းစုကြည် တောင်သူ လယ်သမားများနဲ့ ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ပြဌာန်းတော့မယ့် တောင်သူလယ်သမား အရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး တောင်သူ လယ်သမား ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒီနေ့ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် တောင်သူ လယ်သမားအသင်း အတွင်းရေးမှူး တောင်သူ ဦးစိုးခိုင်က အခုလို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှ လွတ်မြောက်သူ အနည်းငယ်သာပါရှိ

သမ္မတဦးသိန်းစိန်အမိန့်နဲ့မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့စာရင်းဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို တင်ပြထားတဲ့စာရင်းထဲက ၂၀ နီးပါးသာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က RFA  ကို ပြောပါတယ်။
အဲဒီကော်မတီနဲ့ တွေ့ဆုံဆွေးနွေးတုန်းက ပထမအသုတ်အနေနဲ့

ပြည်ထောင်စု ၀န်ကြီးများနဲ့ RFA တွေ့ဆုံ

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥရောပနိုင်ငံများအဖွဲ့ကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ ပြည်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့က တစ်ရက်ကြာလာရောက်ပြီး အမေရိကန်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။  RFA  က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဝန်ကြီးဦးအောင်မင်းက

EU ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးတဲ့ အပေါ် မြန်မာအစိုးရ ကြိုဆို

မြန်မာနိုင်ငံအပေါ် လက်နက်အရောင်းအ၀ယ်ကလွဲပြီး ကျန်တဲ့ပိတ်ဆို့ အရေးယူထားတာတွေအားလုံးကို EU ဥရောပသမဂ္ဂက လုံးဝရုတ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာအစိုးရက ကြိုဆိုဂုဏ်ပြုလိုက်ပြီး၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။
ဘရူနိုင်းနိုင်ငံမြို့တော် ဘန်ဒါဆရီဘီဂါဝမ်မှာ ကျင်းပနေတဲ့ အာဆီယံညီလာခံပြင်ပမှာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက

လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၉ ယောက် ပါဝင်

သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ မနေ့ကလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၉၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပါဝင်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အင်းစိန်၊ သာယာဝတီ၊ မန္တလေးနဲ့ မြစ်ကြီးနားထောင်တို့ကနေ လွှတ်ပေးလိုက်တာပါ။ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ် လူမှုရေးစာမျက်နှာမှာ၊ နိုင်ငံတော်သမ္မတက ဧပြီလ ၂၃ ရက်နေ့မှာ ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ

ကမ္ဘာတ၀ှမ်း ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ပေးနေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ ၂၀၁၄ ခုနှစ် ဘတ်ဂျက် အသုံးစရိတ် လျော့နည်းသွားဖို့ ရှိပေမဲ့ မြန်မာအပါအ၀င် အာရှဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် USAID ရဲ့ အသုံးစရိတ်ကတော့ ၇ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်ပါတယ်။

၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ဘရုနိုင်းမှာ ကျင်းပ

၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုင်းအဝိုင်းကြီး ဖော်ဆောင်နိုင်ရေးကိစ္စကို ဘရုနိုင်းနိုင်ငံ Bandar Seri Begawan မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ အဓိက ဦးစားပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုင်ရိုရောက်

အစ္စရေးလ်၊ ဂျော်ဒန်နဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂဲလ် (Chuck Hagel) ဟာ အီဂျစ်နိုင်ငံကို ဗုဒ္ဓဟူးနေ့တုန်းက ရောက်ရှိပါတယ်။

အီဂျစ်နိုင်ငံက အစ္စလာမ်ဝါဒီ ခေါင်းဆောင်တွေနဲ့

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၁၀၀ နီးပါးရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အပြင်ဘက်မှာ ၈ ထပ်ရှိတဲ့ ကုန်သွယ်ရေး အဆောက်အဦးတခု ပြိုကျတာကြောင့် လူ ၉၆ ဦးထက်မနည်း သေဆုံးပြီး၊ ၁ ထောင်လောက်ကို ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ် ကူညီရေးလုပ်သားတွေ က ပြောပါတယ်။

Savar အရပ် Rana Plaza ပြိုကျသွားပြီး အဲ့ဒီက

ပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အင်ဒိုနီးရှား သဘောပေါက်



မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် လာရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနေတဲ့ အချက်တွေကို မကြာခင်က ကျင်းပခဲ့တဲ့ OIC အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများအဖွဲ့

မြန်မာကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးဖို့ အမေရိကန်စဉ်းစား

မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦး သွားရောက်နေချိန်မှာပဲ မြန်မာနိုင်ငံက ကုန်တင်ပို့မှုတွေအပေါ် လျှော့ပေါ့ပေးသင့် မသင့် အမေရိကန်က စဉ်းစားနေပါတယ်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ ကုန်သွယ်မှုတွေမှာ အထူး အခွင့်အရေးပေးမယ့် Generalized System of Preferences အစီအစဉ်ကို အမေရိကန် ကုန်သွယ်ရေးရုံးက ပြန်လည် သုံးသပ်နေတာပါ။

ကြက်တုပ်ကွေးကြောင့် တရုတ်မှာ သေဆုံးသူ ၂၂ ယောက်ရှိ

တရုတ်နိုင်ငံရဲ့ ဒေသပေါင်း ၇ ခုမှာ ကြက်ငှက်တုပ်ကွေး ရောဂါ အမျိုးအစားသစ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၂ ယောက်အထိ ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထိပ်တန်းအရာရှိ တဦးက ပြောလိုက်ပါတယ်။

H7N9 အမျိုးအစား ဗိုင်းရပ်စ်ဟာ လူတွေအတွက် သာမန်ထက် ပိုတဲ့ အန္တရာယ် ရှိနေတဲ့အကြောင်း WHO အရာရှိ ခိုင်ဂျီ ဖူကုဒ (Keiji Fukuda) က ပြောလိုက်တာပါ။

Tuesday 23 April 2013

နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ်


မြန်မာအစိုးရ က နိုင်ငံရေး အကျဉ်းသား ၅၉ ဦး အပါအ၀င် အကျဉ်းသား ၉၃ ဦးကို နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ အခု လွတ်တဲ့အထဲပါလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အစိုးရထံ တရားဝင် တင်သွင်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးနဲ့ နောက်ဆက်တွဲ တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၄၀ တို့ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က

အင်ဒိုနီးရှား သမ္မတ မြန်မာနိုင်ငံရောက်

 
အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ ဇနီးတို့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ချစ်ကြည်ရေးခရီး အလည်အပတ်အဖြစ် ဒီကနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အထူးလေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့ အင်ဒိုနီးရှား သမ္မတနဲ့ ဇနီးတို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဇနီးတို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာ ဆူစီလို ဘမ်ဘန်းဟာ ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့

ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာ သမ္မတဆီ တင်ပြ

လူပေါင်း ၂၀၀ လောက် သေဆုံးပြီး လူ ၁ သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး
ကော်မရှင်ရဲ့ အစီရင်ခံစာကို ဒီရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတဆီ တင်ပြထား လိုက်ကြောင်း  ကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။

အင်းစိန်အဝေးပြေးကားဂိတ် ဂက်စ်အိုးပေါက်ကွဲ လူ ၄ ဦး သေ

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၊ အဝေးပြေးဝင်း၊ ကျောက်စိမ်း ၆ လမ်းက အိမ်ဆောက်ပစ္စည်းဆိုင်တခုက ဂက်စ်အိုး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၄ ဦးကျော် ဒဏ်ရာရပြီး ၄ ဦး သေဆုံးခဲ့တာပါ။ ဆိုင်က အလုပ်သမားတွေ အပါအ၀င် လမ်းပေါ်က လူတွေပါ ထိခိုက်ပြီး ဒဏ်ရာရခဲ့တဲ့အတွက် အင်းစိန်ရဲစခန်းကနေ ဆိုင်ပိုင်ရှင်ကို အမှုဖွင့် အရေးယူထားပါတယ်။ ဒီပေါက်ကွဲမှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရယူထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်


တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စုတစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ရခိုင်အရေး HRW စွပ်စွဲချက် အမေရိကန်စိုးရိမ်

ဒေါ်လှလှသန်း
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခအတွင်း မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ လူမျိုးတုံး

မြန်မာ့အရေး အီးယူ ဆက်လက်ဆောင်ရွက်မယ်လို့ Catherine Ashton ပြော


မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမယ်လို့  ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ဥပရောပသမဂ္ဂက မြန်မာအစိုးရအပေါ် အရေးယူထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့ ဒီကနေ့

ဒုက္ခသည် ပြန်လည်လက်ခံရေး ကရင်ပြည်နယ်မှာ စတင်ပြင်ဆင်


ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် ကရင်ပြည်နယ်အတွင်းမှာ  ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြော ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်တလျောက် မြို့နယ်ခွဲ ၉ ခုကို သတ်မှတ်ထားပြီး၊

သမ္မတအမိန့်နဲ့ အကျဉ်းသား ၉၀ ကျော်လွှတ်


သမ္မတ ဦးသိန်းစိန်အမိန့်နဲ့  ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအမှတ် ၄၀၁ အရ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၉၀ ကျော်ကို ဒီကနေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၈ ဦး လွှတ်မြောက်လာတယ်လို့ သိရပါတယ်။
အဲဒီအကျဉ်းသားတွေထဲမှာ လက်နက်သယ်ဆောင်မှုနဲ့ အဖမ်းခံထားရတဲ့ ဝလူမျိုး ၂ ဦး၊ ABSDF အဖွဲ့နဲ့ KNU ကို ဆက်သွယ်မှု ဗုံးဖောက်ခွဲရန်

စစ်ပစ္စည်းကလွဲပြီး EU ရဲ့ ပိတ်ဆို့မှုတွေ အပြီးတိုင်ရုပ်သိမ်း


မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ EU က ပိတ်ဆို့အရေးယူထားတာတွေကို ယာယီ တစ်နှစ်ဆိုင်းငံထားရာကနေ မနေ့ကတော့ အားလုံးအပြီးတိုင် ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
လူဇင်းဘတ်နိုင်ငံမှာ မနေ့ကကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ ပိတ်ဆို့မှုတွေကို

Boston ဗုံးဖောက်ခွဲသူကို တရားဝင်စွဲချက်တင်

ဗွီအိုအေ(မြန်မာဌာန)
Boston မာရသွန်ပွဲ ဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး အသက်ရှင် ကျန်ရစ်တဲ့ သံသယရှိသူကို လူတွေ အစုလိုက် သေစေနိုင်တဲ့ လက်နက် အသုံးပြုမှုနဲ့ အမေရိကန် အာဏာပို်င်တွေက တရားရုံး အမှုတင်လိုက်ပါပြီ။ လူ ၃ ဦးသေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရစေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Boston ဗုံးကွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင်တော့၊

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး EU ရုပ်သိမ်း

မခင်ဖြူထွေး
လွန်ခဲ့တဲ့တနှစ်က မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထားခဲ့တဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို EU က အခုအခါ အပြီးအပိုင် ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်း တိုးတက်မှုရှိတဲ့

Friday 19 April 2013

သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ဆုတောင်းပွဲ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်က အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ မြေယာတွေသိမ်းဆည်းခဲ့တာကို ဆန့်ကျင်ကြတဲ့ ဒေသခံတောင်သူ ၆၀၀ ကျော် ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတွေ့ဆုံပြီး ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အဲ့ဒီစစ်လေ့ကျင့်ရေး ဆောက်လုပ်ဖို့အတွက် မာခရှော်ရှေ့၊ မြို့မ၊ ကေးလျား၊ ထီးပေါ်ဆို၊ မိုဆို၊

COMMENT BOX *^v^*