LinkWithin

Related Posts Plugin for WordPress, Blogger...

Thursday 28 February 2013

( နိုင်ငံတကာ )ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်

ဗွီအိုအေ (မြန်မာပိုင်း)

တရုတ် အစိုးရက မူးယစ်ရာဇာ နော်ခမ်း ကို သေဒဏ် စီရင်မည်

မခင်ဖြူထွေး

ကွန်ပျူတာ Notebooks Driver လိုချင်သူများအတွက် ဒေါင်းလော့ယူကြပါ


Drivers for notebooks Acer
Drivers for notebooks ASUS
Drivers for notebooks HP
Drivers for notebooks Dell
Drivers for notebooks MSI
Drivers for notebooks Samsung
Drivers for notebooks Toshiba
Drivers for notebooks Sony

မြန်မာ, မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်

ကိုသားညွန့်ဦး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ လယ်သမားတွေနဲ့ ရဲလုံခြုံရေးတွေ အကြား ပဋိပက္ခအတွင်း အာဏာပိုင်တွေဖက်က ကိုင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆိုလိုက်ပါတယ်။ ဒီ ကိုင်တွယ်ဖြေရှင်းရာ မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က အမျိုးသမီးတွေကို အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ မှတ်တမ်းတွေကို မြင်ရတော့ သူ့အနေနဲ့ အလွန်ပဲ ထိတ်လန့်တုန့်လှုပ်ရတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မစ္စတာကင်တာနားနဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

“ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်”


 အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။ ”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ်နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီဖြစ်သော်

မထနိုင်အောင်ရိုက်ဖို့ သေချာပြောနေတဲ့အသံကို အရှင်းကြီး ကြားနေရတယ်....

သခွားသီး သို့မဟုတ် နွေရာသီအတွက် အသင့်လျော်ဆုံး အသီး


ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး အအေးဓာတ် အစားအစာ လို့ဆိုပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုး ကြွယ်ဝပြီး ခန္ဓာကိုယ် အတွင်းနဲ့ ပြင်ပအတွက် များစွာ ကောင်းကျိုးပေးတဲ့ အသီး ဖြစ်ပါတယ်။

- ရေငတ်ပြေခြင်း

- ကင်ဆာရောဂါအား တိုက်ဖျက်ပေးခြင်း

- သွေးပေါင်ချိန် ပုံမှန်ဖြစ်ရန် ထိန်းထားပေးနိုင်ခြင်း

- သွားဖုံးနှင့်သွားများအား သန်မာ၊ ကျန်းမာစေခြင်း

- အစာကြေစေခြင်း

- ဂေါက်နှင့် အကြောကိုက်ဝေဒနာများအား သက်သာစေခြင်း

- အသည်းကျန်းမာရေး ကောင်းစေခြင်း

- ဆီးချို နှင့် ကျောက်ကပ်မှ ကျောက်များအား ကြေစေခြင်း

- ခေါင်းကိုက်သက်သာစေခြင်း

- အရည်အပြားနှင့် အလှအပ ဆိုင်ရာများအတွက် ကောင်းကျိုးဖြစ် ထွန်း စေခြင်း

အစရှိတဲ့ အကျိုးကျေးဇူးများအား ဖြစ်ထွန်းစေပါတယ်။
--

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား

မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်း မိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့် မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက် ရုံးချိန်းဖြစ်ကြောင်း သိရသည်။


၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့်အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။


Wednesday 27 February 2013

မအူပင် အကြမ်းဖက်ဖြိုခွဲသည့်ကိစ္စရပ်အား လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း ပြောဆို..။

                    
ဧရာဝတီတိုင်းဒေသကြီး မအူမြို့နယ်၊ ပလောင်ကျေးရွာတွင် လယ်ယာမြေအငြင်ပွားသည့်ကိစ္စရပ်အား သေနတ်ဖြင့် ပစ်ခတ် ၍ ဖြိုခွဲခဲ့သည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသခံပြည်သူများမှ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ပြောကြားပါတယ်..။

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....


(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။


၆၆ကြိမ်မြောက် မွန် အမျိုးသားနေ့အခမ်းအနား (ဗဟို) ပေါင်တွင် ကျင်းပ

Photo: ၆၆ကြိမ်မြောက် မွန် အမျိုးသားနေ့အခမ်းအနား (ဗဟို) ပေါင်တွင် ကျင်းပ

ဖေဖော်ဝါရီ-၂၇
၆၆ကြိမ်မြောက်မွန် အမျိုးသားနေ့အခမ်းအနား (ဗဟို)ကိုဖေဖော်ဝါရီ၂၆ရက်
နံနက်က မွန်ပြည်နယ်ပေါင်မြို့ကဒါရပ်ကွက် မြို့မအားကစားကွင်း၌ကျင်းပသည်။
အခမ်းအနားတွင် မွန်စာပေဆိုင်ရာစာတမ်းများဖတ်ကြားပြှီး။မွန်ဒီမိုကရေစီပါတီ၊မွန်ပြည်သစ်ပါတီ
၊လွတ်မြောက်ရေးတပ်ဦးနှင့်ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး၊တိုင်းရင်းသားလူမျိုးများကွန်ယက်၊မွန်လူငယ်ဖိုရမ်တို့၏သ၀ဏ်လွှာများ ဖတ်ကြားကြောင်းသိရသည်။htoo     နံနက်က မွန်ပြည်နယ်ပေါင်မြို့ကဒါရပ်ကွက် မြို့မအားကစားကွင်း၌ကျင်းပသည်။
အခမ်းအနားတွင် မွန်စာပေဆိုင်ရာစာတမ်းများဖတ်ကြားပြှီး။မွန်ဒီမိုကရေစီပါတီ၊မွန်ပြည်သစ်ပါတီ
၊လွတ်မြောက်ရေးတပ်ဦးနှင့်ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး၊တိုင်းရင်းသားလူမျိုးများကွန်ယက်၊မွန်လူငယ်ဖိုရမ်တို့၏သ၀ဏ်လွှာများ ဖတ်ကြားကြောင်းသိရသည်

COMMENT BOX *^v^*