ဲမြန်မာ့လူ့အခွင့်အရေး ဦးစားပေးဖို့ ကင်မရွန်းကို HRW တောင်းဆို |
မြန်မာနိုင်ငံမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို
ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ
ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူရေးအတွက် ဗြိတိန်နိုင်ငံကို ၃
ရက်ကြာလာရောက်မယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းပြောကြားဖို့
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့က ဗြိတိသျှ
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကို တိုက်တွန်းသွားပါတယ်။