
အဖြစ်အကောင်အထည် ဖော်သင့်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောကြားလိုက်သည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုသည် လက်မထပ်ရသေးသော အပျိုစင်တစ်ဦးကဲ့သို့ အလှသွေြးွကယ်ပြီး ကမ္ဘာလှည့် လုလင်ပျိုများကို ဆွဲဆောင်မှု အားကောင်းစေမည်မှာ သေချာသော်လည်း ကျွန်းစုကိုအလှဆင်မည့် လွယ်ကူစွာသွားလာစေနိုင်မည့် စီမံကွပ်ကဲမှုမျိုး မရှိသေးသောကြောင့် မျှော်ငေးကာ အလှကြည့်ရသော ရတနာတစ်ပါးကဲ့သို့သာ ဖြစ်နေစေသည်ဟု သိရသည်။
''မြိတ်ကျွန်းစု ဒေသဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှမရှိတဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားတာပါ။ ထိုင်းဘက်က ခရီးသွားတွေ ၀င်နေတယ်ဆိုတာလည်း သိထားပါတယ်။ ဒါကိုမြန်မာဘက်ကနေ ကမ္ဘာ့အကောင်းဆုံး ကျွန်းစုခရီးစဉ်အဖြစ် အကောင်အထည် မဖော်နိုင်သေးတာ ကိုယ့်ဘက်က အားနည်းချက်ပဲ''ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဦးဖြိုးဝေရာဇာက ပြောကြားသည်။ အဆိုပါမြိတ်ကျွန်းစုဒေသကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က အပန်းဖြေခရီးစဉ်များအဖြစ် ဖော်ဆောင် လုပ်ကိုင်လိုကြောင်း သတင်းများ ထွက်ပေါ်နေသည်။
''ကျွန်းစုတွေကိုသွားဖို့ Speed boatsတွေ၊ကျွန်းစုမှာ နားခိုဖို့နေရာတွေ၊ ဒိုင်ဗင်ကစားသမား နည်းပြတွေ အများကြီးပါပဲ။ ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရင် အခုနာမည်ကြီးနေတဲ့ ပိုလာဘာလီ၊ မလေးရှား လန်ကာဝီ၊ ထိုင်းကဖူးခက်စတဲ့ နေရာတွေက မြိတ်ကျွန်းစုနဲ့ယှဉ်ရင် တခြားစီဖြစ်သွားမှာ ကမ္ဘာပေါ်မှာ ဘယ်မှာမှဒါမျိုး မရှိသေးပါဘူး''ဟု ၎င်းကပြောကြားသည်။
No comments:
Post a Comment