၎င်းသင်တန်းဆင်းပွဲကို အုန်းတပင်ကျေးရွာအုပ်စုခေါ် ခလောက်နို့ရွာမှာ စည်ကားသိုက်မြိုင်စွာနဲ့
ကျင်းပခဲ့တာဖြစ်ပါတယ်။ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်များ၊ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင်များနဲ့ ဖိတ်ကြားထားသူများ စုံစုံလင်လင်တက်ရောက် ချီးမြင့်ကြပါတယ်.
ခလောက်နို့ရွာဆိုတာ ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီးတော့ ဘားအံမြို့ ရတနာဒီပနဲ့ တဆက်တည်းရှိတဲ့ရွာပါ။ ခလောက်နို့ပုံပြင်ဆိုတာ အဲဒီရွာက ပေါက်ဖွားလာတာဖြစ်ပါတယ်။
သင်တန်းသူ သင်တန်းသားများအပြင် ထူးချွန်တဲ့ ဂီတဖန်တီးရှင်တွေကိုလည်း ဆုချီးမြင့်ကြတာကို တွေ့ရပါတယ်။
နောက်ဆက်တွဲသတင်း
မန်းအာကာကျော်
၄၃-ကြိမ်မြောက်ကရင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲတရပ်ကို မေလ ၆-ရက်မှ
၁၀ -ရက်နေ့ အထိ ကရင်ပြင်နယ်၊ ဘားအံမြို့ နယ် ကရင်ပြည်နယ်၏ကျက်သရေဆောင် ဇွဲကပင်တောင်ခြေရှိ
ခလာက်နို့ ကျေးရွာတွင်ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ကရင်စာပေ
လိက်ထူ့ လီစာနှင့် တလာညာ.စာနှင့်ပါတ်သက်သော ထူးချွန်မှုပြိုင်ပွဲများ၊ ကရင့်ရိုးရာဒုံးယိမ်းပြိုင်ပွဲများနှင့်
အခြားကရင် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲများကျင်းပကြပါသည်။ အဆိုပါသင်သန်းဆင်းပွဲတွင်
ကရင်ပြည်နယ်မှ ဒုံးယိမ်းအဖွဲ့ များအပြင် အခြားပြည်နယ်၊ ဒေသများမှ ဒုံးယိမ်းအဖွဲ့ ၊
ပြည်သူများပါတက်ရောက်ခဲ့ သည်။
ပြိုင်ပွဲဝင် ဒုံးအဖွဲ့  ၂၀-ရှိပြီ်း အိန္ဒုတိုက်နယ်၊
ခနိမ်ဒိုရွာ ဒုံးအဖွဲ့ မှ ဒုံးအက ပထမဆု ရရှိပါသည်။ နိုင်ငံရေးပါတီများ ၊ ကရင်ပြည်နယ်ဝန်ကြီးအဖွဲ
့များ၊ကရင်လက်နက်ကိုင်အင်အားစုများ စုံလင်စွာဖြင့် တက်ရောက်ပြီး စုစုပေါင်းလူဦးရေ
၂၀၀၀-၀န်းကျင်ခန့် တက်ရောက်ကြောင်း ကြားသိရသည်။ ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲသည်
နွေရာသီအစိုးရစာသင်ကျောင်းပိတ်ရက်များတွင် ပြုလုပ်ပြီး တနှစ် တနေရာ မြို့ နယ်/ကျေးရွာအလိုက် ပြောင်းရွေ့ ကျင်းပကြပြီး လာမည့်
2014-နွေရာသီတွင် သံလွင်မြစ်အနောက်ဘက် ပေါ်တော်မူကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
2014-နွေရာသီတွင် သံလွင်မြစ်အနောက်ဘက် ပေါ်တော်မူကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
No comments:
Post a Comment