
ဆရာဝန်ကဆိုသည်။ ဆေးရုံတင်ထားရသော မိန်းကလေးများကို ဆေးစစ်ကြည့်ရာမှ ဖျော်ရည်ထဲတွင် အဆိပ်ခတ်ခံရကြောင်း အတည်ပြုနိုင်ပြီဟု မေလ၁ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ဖော် ပြောကြားလိုက်သည်။ အာဖဂန်နစ္စတန်တွင် ယခင်ကလည်း အမျိုးသမီးများ ပညာသင်ကြားသည်ကို မလိုလားသော ဘာသာရေးအစွန်းရောက်များက မကြာခဏဆိုသလို ယင်းသို့တိုက်ခိုက်လေ့ရှိသည်။ အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆူလေမန်မော်ရာဒီကလည်း ယင်းသို့ဖြစ်ပွားရခြင်းသည် မိန်းကလေးများ ကျောင်းသွားမှာကို တားဆီးလိုသောအစိုးရ၏ ရန်သူများလုပ်ရပ်ပင် ဖြစ်သည်ဟု စွပ်စွဲပြစ်တင်ထားသည်။
No comments:
Post a Comment