LinkWithin

Related Posts Plugin for WordPress, Blogger...
Showing posts with label ကရင့်သမိုင်း. Show all posts
Showing posts with label ကရင့်သမိုင်း. Show all posts

Friday, 12 April 2013

ကရင့်ရိုးရာဓလေ့ပွဲတော်များ


ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင်ပူးကပ်မှီတွယ်နေပြီးလိပ်ပျြာနှင့်အတူရှိသောသူ
သည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။
ထို့အတူသစ်ပင်သီးနှံတို့တွင်လည်း၎င်းတို့ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။

ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။ ထိုယုံကြည်မှူများကြောင့်ကရင်လူမျိုးတို့ တွင် လယ်ယာလုပ်
ငန်းနှင့်ပတ်သက်သောပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ-----
(၁) တောင်ယာနတ်စားချိန်ပွဲတော်၊
(၂) တော်ယာခုတ်ချိန်ပွဲတော်၊
(၃) တော်ယာစူးထိုးချိန်ပွဲတော်၊
(၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော်၊
(၅) ရေမြောင်းတာတမံပူဇော်ပွဲတော်၊
(၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော်၊

ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက


နော်ချို
24.11.2009
ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများ အတွက် အထွတ်အမြတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။

COMMENT BOX *^v^*