LinkWithin

Related Posts Plugin for WordPress, Blogger...

Tuesday 26 August 2014

အလုပ်သမား ၈၀၀ မှ အစော်ကားခံရသောကြောင့် စက်ရုံအားဖျက်ဆီးမှုဖြစ်ပွား

ာ ရှိ HDD Techonology SDN BHD ၏ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၊ နီပေါနိုင်ငံသား နှင့် ဘင်္ဂလား နိုင်ငံသား စုစုပေါင်း ၈၀၀ ကျော်တို့မှ လုပ်ငန်းတွင် ဆက်ဆံရေး နှင့် မတရားဖိနှပ်ချုပ်ချယ်သည်ဟု ယူဆသောကြောင့် မကြေမနပ်ဖြစ်ကာ မိမိတို့ အလုပ်လုပ်ကိုင်နေသော စက်ရုံ အား ခဲများဖြင့် ပစ်ပေါက်ရိုက်ခွဲကာ အလုပ်ရှင်၏ ကားအား မီးရှို့သော ဖြစ်ရပ် ယနေ့နံနက်က အဆိုပါ
ကူလိုင်းဂျာရာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည် ။အဆိုပါ အဖြစ်အပျက်အတွက် ဦးဆောင်သူ Kishor Rai (နီပေါနိုင်ငံသား) မှ အလုပ်ရုံသည် အလုပ်သမားများအား ရင့်သီးစွာဆော်ကား ဆက်ဆံခြင်း ၊ နိုင့်ထက်စီးနင်းပြုခြင်း တို့ နေ့စဉ်နှင့်အမျှ ပြုမူသောကြောင့် လုံးဝမခံနိုင်တော့ကာ ဆူပူအုံကြွခဲ့ခြင်းဖြစ်ကြောင်း ။
မလေးရှားနိုင်ငံ ဂျိုးဟိုးအနီးရှိ ကူလိုင်းဂျာရ
မီးရှိုခဲ့သောကားမှာလည်း အလုပ်ရှင်စီးသော ကားဖြစ်ကြောင်း ၊ အလုပ်သမားများ မှားခဲ့ပါက ကိုယ်ထိလက်ရောက် အထိ အဆိုပါအလုပ်ရှင်က ဆော်ကားခဲ့ခြင်းနေ့စဉ် လိုလို ရှိလာသောကြောင့် မခံနိုင်၍ ပြန်လည်တုန့်ပြန်ခြင်းဖြစ်ကြောင်း ။အစပိုင်းတင်းမာမှုများတွင်စက်ရုံအုပ်ချုပ်ရေးများမှ ဖယ်ရီင်္ကားများကို ရပ်နားပစ်ကြောင်း ၊ စက်ရုံသို့ ဝေးကွာစွာ လမ်းလျှောက် အလုပ်ဆင်းရန် ဖိအားပေး ဆက်ဆံအပစ်ခဲ့သေးကြောင်း ။
ထိုသို့ တရားမမျှတမှုများ ကို ရင့်သီးစွာ ပြုမူသောကြောင့် ယခုနံနက် ၉ နာရီခန့်က အလုပ်များ အားလုံး တစ်ယောက်မကျန် အလုပ်ရုံရှေ့တွင် စုစည်းကာ ယခု လို ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ကြောင်း ကို အဆိုပါ နီပေါလ် နိုင်ငံသားက သတင်းဌာနများသို့ ရှင်းပြသွားခဲ့သည် ။သို့ကြောင့် အထုးထိန်းသိမ်းရေး ရဲများ က အလုပ်သမားများ အား ထိန်းသိမ်းနိုင်ရန် ယနေ့ စုစည်းဆောင်ရွက်လျှက်ရှိကြောင်းကို နိုင်ငံပိုင်သတင်းစာများက ယနေ့ ဖော်ပြသွားခဲ့သည် အစဦး မြန်မာအလုပ်သမားများက စတင်သည်ဟု တစ်ချို့သော သတင်းဌာနများတွင် ဖော်ပြထားသော်လည်း အခြေအနေမှ ထိုသို့မဟုတ်ကြောင်း အဖြစ်အပျက်အတွက် တရားဝင်သတင်းထုတ်ပြန်သောအခါ သိရသည် ။
၂ နာရီ ၁၅ တွင် ပျက်စီခဲ့သောအပျက်အစီး များအရ ကျောက်ခဲများဖြင့်ပစ်ပေါက်ကြသောကြောင့် စက်ရုံ အဝင်အဝ မျက်နှာစာ ပျက်စီးခြင်း ၊ အလုပ်ရှင်၏ ကား မီရှိုခံရခြင်း တို့ရှိပြီး အဆိုပါ အုပ်စုအား ထိန်းသိမ်းရေးရဲများမှ မတရားပါက တရားအောင် ကူညီဖြေရှင်းပေးမည် ၊ မိသားစုအတွက် အလုပ်လာလုပ်သောကြောင့် မဆူပူကြပါနှင့် ငြိမ်သက်စွာ နေပေးပါ ဟု အော်ဟစ်ပြောဆိုနေသလို ..
ဖြစ်ပျက်မှုအစုစု အတွက် ပြဿ နာ အားလုံးကို သက်ဆိုင်ရာ သံရုံများ ၊ အုပ်ချုပ်ရေး အဖွဲ့များ ၊ အလုပ်ရှင် များ စုံညီဖြေရှင်းသွားမည်ဖြစ်ကြောင်းသိရသည် ။
အဆိုပါ အဖြစ်အပျက်အတွက် သက်ဆိုင်ရာ မြန်မာအလုပ်သမားများ ၊ သူငယ်ချင်းများသည် အခြေအနေအရပ်ရပ်အတွက် အကူအညီ လိုအပ်ပါက ။ ယခု မလေးရှားရောက်မြန်မာများ FACEBOOK သို့ စာရေးအကြောင်းကြား၍ ဖြစ်စေ ၊ မြန်မာအလုပ်သမားရေးရာ တာဝန်ခံ သို့တိုက်ရိုက်ဖုန်းခေါ်ဆို၍ဖြစ်စေ ၊ မြန်မာသံရုံး အရေးပေါ်ဖုန်းသို့ တိုက်ရိုက် ခေါ်ဆို၍ဖြစ်စေ အကူညီတောင်းဆို ဆက်သွယ်နိုင်ကြောင်း သိရသည် ။

No comments:

Post a Comment

COMMENT BOX *^v^*