LinkWithin

Related Posts Plugin for WordPress, Blogger...

Wednesday 20 August 2014

ညီငယ်၊ ညီမငယ် နဲ့ တက်တူးထိုးဖို့ကြိုးစားနေသူ သူငယ်ချင်း အားလုံးသို့ သတိပေးတာပါ။

ညီငယ်၊ ညီမငယ် နဲ့ တက်တူးထိုးဖို့ကြိုးစားနေသူ သူငယ်ချင်း အားလုံးသို့ သတိပေးတာပါ။ 
မတိုက်တွန်းပါဘူး ဒါပေမဲ့ အားလည်းမပေးချင်ပါဘူး
ဖြစ်နိုင်ရင် မလုပ်ပါနဲ့၊ လုပ်ပြီးခဲ့လို့ ရှိရင်လည်း
ဖျက်ဖို့ မကြိုးစားပါနဲ့။
ဘေးထွက်ဆိုးကျိုး နဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။
အောက်ပါပုံရဲ့ ပိုင်ရှင် ညီငယ်ကတော့
ငယ်ရွယ်စဉ်ကာလမှာ ရောင်စုံတက်တူးထိုးခဲ့ပါတယ်...
သူ့ရဲ့ ဘ၀တက်လမ်းတစ်ခုကိုကြုံတွေ့လာရတဲ့အချိန်မှာ..
ဒီတက်တူးက အတားအဆီးတစ်ခုဖြစ်လာခဲ့တယ်...
ဒီအချိန်မှာပဲ..သူဆုံးဖြတ်ခဲ့တာက ဒါကိုဖျက်မယ်ပေါ့...
ဖျက်ပေးမယ့် သူကလည်း ပိုက်ဆံထပ်ရမှာဖြစ်တဲ့ အတွက် ရ ရမယ်..OK မယ်လို့ပြောတာပေါ့...




ဒါနဲ့သူဖျက်ခဲ့တယ်..ဖျက်ပြီးစဉ်ကာလမှာ..အနာကျက်ဖို့ဆေးတွေသောက်ခဲ့သလို...

ပရိုတင်းဓာတ်များတဲ့ အစားအစာတွေကိုလည်းရှောင်ခဲ့ပေမယ့်....
ပုံပါအတိုင်းဖြစ်ခဲ့ပါတော့တယ်...
အဲဒီအချိန်မှာ သူမလွဲမသွေ ကြုံတွေ့ခဲ့ရတာကတော့
]သူ့ဘ၀တက်လမ်းကနေ နောက်ပြန်လှည့်ရတော့မယ်ဆိုတဲ့ အရိပ်ဆိုးပါပဲ}}
ဒါကြောင့်..(အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး
ထိုသုံးမျိုးချက် မပိုင်လျင် နောင်ပြင်ရန်ခက်သည့်အမျိုး)
လို့ လူကြီးသူမတွေ ဆုံးမစကားထားခဲ့ကြတာပါ သူငယ်ချင်းတို့ရေ...
ဆရာလုပ်တာမဟုတ်ရပါဘူးနော်..
သိထားရတာလေးတစ်ခု ရှယ်ယာလုပ်တာပါ...
ဓာတ်ပုံအရိုက်ခံခဲ့ ဒီဓာတ်ပုံကိုသုံးခွင့်ပေးခဲ့တဲ့ ညီလေးကိုလည်းကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

COMMENT BOX *^v^*