LinkWithin

Related Posts Plugin for WordPress, Blogger...

Wednesday 26 June 2013

ကရင့်ဂီတလောကမှာ ခွဲခြားမှုတွေ ရှိနေပြီလား


ကရင့်ဂီတလောကမှာ မိုနိုသီချင်း၊ ခေတ်ပေါ်သီချင်းနဲ့ ရိုးရာဒုံးတေးသွားတွေကို အခြေပြုပြီးတော့ အကောင်းဆုံးလက်စွမ်းပြ ဆန်းသစ်တီထွင်တီးခတ်ပေးနိုင်တဲ့ Band ကတော့ Nuclear Band ပါပဲ။
ဒီ Band ကို 91 Studio နဲ့ တွဲဖက်ပြီးတော့ ကရင်လူထုကို ဂီတနဲ့ ဖျော်ဖြေပေးဖို့ လောကကြီးထဲကို တရက်ထဲ အတူတကွ မွေးဖွားရောက်ရှိလာတဲ့ လိဒ်ဂီတာ ဒူးဒူးနဲ့ ကီးဘုတ် ပိပိတို့က ဦးဆောင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

Tuesday 25 June 2013

ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်သိမ်းခံတောင်သူ များ လျော်ကြေးစတင်ရရှိ


ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ကျည်စု အရှေ့ကျေးရွာမှာ မက်စ်မြန်မာ ကုမ္ပဏီက သိမ်းယူထားတဲ့ ဧက ၄ဝဝ နီးပါးရှိတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး အဖြစ် ကုမ္ပဏီဘက်ကနေ လယ်တစ်ဧကကို ကျပ်ငွေ သိန်း ၂ဝ နှုန်းနဲ့ မနေ့က ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။

မက်စ်မြန်မာ ကုမ္ပဏီကနေ ဒေသခံ တောင်သူတွေကို ခုလိုလျော်ကြေးငွေ ပေးအပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံ တောင်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဌေးက RFA ကို အခုလို ပြောပါတယ်။

တိုင်းမ်မဂ္ဂဇင်းပါ ဘာသာရေး အကြမ်းဖက်မှုဆောင်းပါး အစိုးရ ကန့်ကွက်

မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦီးရသူရဲ့မျက်နှာဖုံးနဲ့ ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက် မှုဆောင်းပါးကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။

တိုင်းမဂ္ဂဇင်းမှာ ဖော်ပြထားချက်တွေဟာ မြန်မာနိုင်ငံ သားတွေ  အများစုကိုးကွယ်ရာဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာ သာသနာတော်အပေါ်ကို  အထင်အမြင် လွဲမှားစေပြီး ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု  တည်ဆောက်နေတာကို ထိခိုက်စေနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဖြူးမြို့နယ်မှ တောင်သူ ၅ဝ ကျော် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ဖြူးမြို့၊ ညောင်ပင်သာကျေးရွာက တောင်သူ ၅၂ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဒီကနေ့ မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။
တောင်သူ ၁၄၁ ဦးက လုပ်ကိုင်ခွင့်တောင်းထားတဲ့ ညောင်ပင်သာကျေးရွာမှာရှိတဲ့ ပလဖ (ပြည်သူ့လုပ်အား နေရာချထားရေး) စိုက်ကွင်းမှာ မြအိနြေ္ဒ ကုမ္ပဏီဖက်က ဝင်ရောက်ထွန်ယက်နေတဲ့အတွက် တောင်သူတွေက ဆက်လက်မဆောင်ရွက်ဖို့

Monday 24 June 2013

Snowden ကိုဖမ်းဖို့ ဥပဒေကြောင်းနည်းလမ်း အားလုံးကိုသုံးမည်

အမေရိကန်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေကို ထုတ်ဖော်ပြီး၊ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထောက်လှမ်းရေး ၀န်ထမ်းဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်အစိုးရက သင့်တော်တဲ့ တရားနည်းလမ်းပေါင်းစုံ သုံးသွားမှာ ဖြစ်တယ်လို့ သမ္မတ ဘရက်ခ်

KIO - မြန်မာအစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းအဖွဲ့ရုံး မြစ်ကြီးနားမှာဖွင့်မည်

ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် နှစ်ဘက်ပူးပေါင်းပြီး လုပ်ငန်းအဖွဲ့ရုံးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေသလို လာမယ့် ဇူလိုင်လအတွင်းမှာ နှစ်ဘက် ပြန်လည်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ တိုင်းရင်းသားရေးရာ လွှတ်တော်တာဝန်ရှိသူက ပြောပါတယ်။

တိုင်းနဲ့ပြည်နယ်အစိုးရတွေ လုပ်ပိုင်ခွင့် ပိုရရေး ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပခဲ့ပြီးတော့ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ PR စနစ်ကိစ္စ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့

ဦးနှောက်ကျန်းမာရေး ထိခိုက်မှုများစေသော ဖုန်း(၁၀)လုံး


ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe
cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်

ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် ဗုဒ္ဓဘာသာ သံဃာ့ခေါင်းဆောင်များက တိုက်တွန်း

ငြိမ်းချမ်းရေးလိုလားသော နိုင်ငံသားများသည် အဖြစ်မှန်ကို တိတိကျကျ အဖြေရှာဖော်ထုတ်၍
အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းကြရန် လိုအပ်ပြီး ငြိမ်းချမ်းရေးအတွက် ကဏ္ဍစုံ မှ
ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗုဒ္ဓဘာသာသံဃာ့ခေါင်းဆောင်များက
တိုက်တွန်း လိုက်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်းထိရောက်စွာ အရေးယူမည့် နည်းဥပဒေ ယခုနှစ် မကုန်ခင် ထွက်နိုင်

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ပြည်သူအများ သတိပြုဖွယ် အရောင်းမြှင့်တင်
ကြော်ငြာမှုများကို ဥပဒေဖြင့် ထိရောက်စွာအရေးယူရန် နည်းဥပဒေ ယခုနှစ်အတွင်း ထွက်ရှိမည်
ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကင်းဝေးရေးစီမံချက်မှ
မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရန် မြို့ပြစီမံကိန်းတွင် ထည့်သွင်းထား

ရန်ကုန်မြို့၌ မော်တော်ယာဉ်စီးရေ တိုးတက်များပြားလာမှုနှင့်အတူ အဓိက လမ်းဆုံလမ်းခွများတွင်
ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိရာ လမ်းများချဲ့ထွင်ခြင်း၊ ခုံးကျော် တံတားများ
တည်ဆောက်ခြင်း၊ လမ်းဆုံလမ်းခွများကို ပြန်လည်မွမ်းမံခြင်းနှင့် မီးပွိုင့် အချက်ပြစနစ်များ
အဆင့်မြှင့်တင်ခြင်းများ လိုအပ်လျက်ရှိသည်ဟု မဟာရန်ကုန် မြို့ပြ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး
အဖွဲ့၏ အဖွဲ့ခေါင်းဆောင် မစ္စတာတာ ကာရှိရှိုယာမက ပြောသည်။

ဒုက္ခသည်တွေအိမ်ပြန်နိုင်ရေး အစိုးရတာဝန်ရှိကြောင်း ဦးအောင်မင်းပြော

အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတစ်ခုကို ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှာ ဇွန်လ ၂၁ ရက်၊ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ အစိုးရရဲ့သဘောထားဟာ ပြောင်းလဲနေပြီဖြစ်ပြီး ဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဘ၀ လုံလုံခြံခြုံနဲ့

အိန္ဒိယရေကြီးမှု ၆၀၀ နီးပါးသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းထန်စွာရွာပြီး ရေကြီးမှုကြောင့် လူ ၆၀၀ နီးပါးသေဆုံးပြီး ပျောက်ဆုံးနေသူ သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးအကြီးအကျယ် ဆက်ရွာဖို့ရှိတယ်လို့ ဒီကနေ့ စနေနေ့မှာ တာဝန်ရှိသူတွေ က ပြောပါတယ်။

ကုသိုလ်တော်ကျောက်စာ ကမ္ဘာ့ယဉ်ကျေးမှုမှတ်တမ်းဝင်

မန္တလေးမြို့မှာရှိတဲ့  ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောက မရဇိန်ကျောက်စာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်း စာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။

စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်း စတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ထိန်းသိမ်းနိုင်ဖို့အပြင် သမိုင်း အချက်အလက်တွေကို လူတိုင်း လေ့လာကြည့်ရှုနိုင်အောင် အကူအညီပေးတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ

မီးခိုးမြူကြောင့် မလေးရှား အရေးပေါ်အခြေအနေကြေညာ

အင်ဒိုနီးရှားက တောမီးရှို့မှုကြောင့်ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ လေထုထဲမှာ ညစ်ညမ်းနေပြီး ရှူဖို့မသင့်တဲ့အမှတ်ကို ကျော်နေတဲ့အတွက် အိမ်နီးချင်း မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟော (Johor) ပြည်နယ်ထဲက ခရိုင် ၂ ခုကို အရေးပေါ် အခြေအနေကြေညာလိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ လေထုညစ်ညမ်းမှုပမာဏဟာ ၁၆ နှစ်အတွင်းမှာ အမြင့်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပြီးနောက်မှာ ခုလို အရေးပေါ်

ဦးဝီရသူ၊ မြန်မာ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ TIME မဂ္ဂဇင်းအား သမ္မတရုံး ကန့်ကွက်

Time မဂ္ဂဇင်းတွင် "THE FACE OF BUDDHIST TERROR" ဟု အမည်ပေးထားသော
ဆောင်းပါးနှင့် ၎င်းခေါင်းစဉ်ကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူအား မျက်နှာဖုံးတွင် ယှဉ်တွဲဖော်ပြမှုကို မြန်မာ သမ္မတရုံးက အင်တာနက် စာမျက်နှာမှ တဆင့် ဇွန်လ ၂၃ ရက်က ကန့်ကွက် လိုက်သည်။

ထိုင်းရေထွက်ပစ္စည်းစက်ရုံ မြန်မာအလုပ်သမား ၂,၀၀၀ ဆန္ဒပြ

ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာရှိတဲ့ ပင်လယ်ရေထွက် စားသောက်ကုန် ထုတ်လုပ်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ထောင်နဲ့ချီ ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမား ၁၀၀ ကျော် အကြောင်းမဲ့ အလုပ်ဖြုတ် ခံရပြီးနောက် ဒီအလုပ်သမားတွေကို

Sunday 23 June 2013

Time မဂ္ဂဇင်း ဖော်ပြချက်အပေါ် မြန်မာလူထုအမြင်

ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို သွေးထိုးလှုံ့ဆော်ပေး သလိုဖြစ်စေမှာကို စိုးရိမ်မှုတွေ

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ စောဘာဘလုဂေးရဲ့ဈာပန

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ စောဘာဘလုဂေးရဲ့ဈာပနတော့ ပြီးသွားပါပြီး။ သူနဲ့အတူ တိုက်ခိုက်ခံရတဲ့ စောအယ်ရှီး (၃၈နှစ်) လည်း Sungai Buloh ဆေးရုံမှာ အသည်းအသန်ဖြစ်နေပါတယ်။
စောအယ်ရှီးဟာ ဧရာဝတီတိုင်း ငပုတောမြို့ နယ် ကျပ်ဆင်ချောင်းအုပ်စူ။ အယ်မူးလူးကျွေးရွှာ က ဖြစ်ပါတ
ယ်။

Saturday 22 June 2013

စစ်တပ်သိမ်းလယ်ဧက ၃၀၀ ပြန်ရရှိရန်တင်ပြမှု ကို မြေစာရင်းဦးစီးဌာန မဖြေရှင်းသေး

ပဲခူးတိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်တပ်မှ သိမ်းယူ ခဲ့သော လယ်မြေဧက ၃၀၀ကို ပြန်လည် ရရှိနိုင်ရန်အတွက် မြေစာရင်းဦးစီးဌာနသို့ ဇွန် ၂၀ရက်နေ့တွင် မူလပိုင်ရှင် လယ်သမားများကိုယ်တိုင် သွားရောက်တင် ပြသော်လည်း ၎င်းတို့အား တွေ့ဆုံခြင်းမရှိခဲ့ဟု သွားရောက်တင်ပြခဲ့သည့် လယ်သမားများက ပြောဆိုသည်။

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။  ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။

Tuesday 4 June 2013

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ

အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊

မြန်မာဖောင့်အစုံ ဒေါင်းမယ်

မြန်မာဖောင့်တွေ အများကြီးရှိတဲ့အထဲက ယနေ့စာစီစာရိုက်လုပ်ငန်းမှာ
သုံနေကြတဲ့သူတွေအတွက် အသုံးများတဲ့ဖောင့်လေးများကို
ကျွန်တော်တင်ပေးလိုက်ပါတယ် ဖိုင်ဆိုဒ်တွေလည်းနည်းပါတယ်
ကွန်ပျူတာအသုံးပြုသူတိုင်းမှာ ရှိသင့်တယ်လို့ ကျွန်တော်
ထင်ပါတယ် အားလုံးအဆင်ပြေအောင် mediafire ကနေ တင်ပေးလိုက်ပါတယ်
မဟာနှင့် Matrix ဖောင့်များ 
Win fonts အစုံ

အပျော်တမ်း Video Editing ကောင်းကောင်းလုပ်ချင်သူများအတွက်

အပျော်တမ်း Video Editing ကောင်းကောင်းလုပ်ချင်သူများအတွက် WonderShare ရဲ့ Video Editor ဖြစ်ပါတယ်...Effect မျိုးစုံနဲ့Editing လုပ်နိုင်ပြီး..မိမိပြုလုပ်ထားသမျှ Video တွေကိုလည်း Facebook , Youtube တို့လိုနေရာမျိုးမှာအလွယ်တကူ ပြန်လည်ဝေမျှနိုင်ပါတယ်..ကဲ Version အသစ်ထွက်လို့တင်

Medeleine Albright အစိုးရအပြင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်ပတ်ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Medeleine Albright) ဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ NLD

သမရိုးကျ လက်နက်ကုန်သွယ်မှု ထိန်းချုပ်ရေးစာချုပ် ကုလလက်မှတ်ထိုး

ဒေါ်လာသန်းပေါင်း ၇ သောင်းလောက် တန်ဖိုးရှိတဲ့ ကမ္ဘာ့ သမရိုးကျ လက်နက် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ဖို့ ပထမဆုံး နိုင်ငံတကာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၆၀ ကျော်က ကိုယ်စားလှယ်တွေဟာ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ တန်းစီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အီရန်အပေါ် အမေရိကန်ဒဏ်ခတ်မှုအသစ်

အီရန်နိုင်ငံက အခြေမခိုင်ဖြစ်နေတဲ့ ပြည်တွင်းသုံး Rial ငွေကြေးကို ပစ်မှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အသစ်တွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
  အီရန်နိုင်ငံသုံး Rial ငွေတွေကို သိလျက်နဲ့

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်ရောက်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ် (Sir David Richard) ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေမှာ အထောက်အကူပြုရေးအတွက်၊  ဗြိတိန်နိုင်ငံနဲ့ မြောက်အိုင်ယာလန် နိုင်ငံတို့

ပညာရေးပေါ်လစီသစ် NLD တင်သွင်းမည်

မြန်မာနိုင်ငံမှာ အမျိုးသားပညာရေး မူဝါဒတစ်ရပ် အရေးတကြီး လိုအပ်နေပြီး အဲ့ဒီမူဝါဒဟာ နိုင်ငံသားတွေကိုယ်တိုင် လိုလားတဲ့ အမျိုးသားပညာရေး မူဝါဒဖြစ်ဖို့ လိုအပ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေသူတွေက ပြောလိုက်ပါတယ်။ ဒါ့အပြင်

တရုတ်ကြက်သားစက်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၁၉ ဦး သေဆုံး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မွေးမြူရေးစက်ရုံ မီးလောင်ကျွမ်းခဲ့ရာမှာ သေဆုံးသူအရေအတွက် တိုးများလာနေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၁၂ ယောက်အထိ ရှိသွားပြီလို့ ပြောပါတယ်။

အကျဉ်းကျ ထိုင်ဝမ်သမ္မတဟောင်း သေကြောင်းကြံဖို့ ကြိုးစား

ထိုင်ဝမ်မှာ အကျဉ်းချခြင်း ခံနေရတဲ့ သမ္မတဟောင်း ချမ်ရွှေဗြန်း (Chen Shui-bian) ဟာ သူ့ကိုယ်သူ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
  ထိုင်ဝမ်အလယ်ပိုင်းမှာရှိတဲ့ ထိုင်ချွန်း အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ညက အခုလို သေကြောင်းကြံဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့

Monday 3 June 2013

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးခန့်အပ်

အီးယူဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသား ရိုလန်ကိုဘီယာ (Roland Kobia) ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ ကိုဘီယာကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးသံအမတ်ကြီးအဖြစ်နဲ့ ခန့်အပ်လိုက်တဲ့အတွက် နှစ်ဘက်အကြား ဆက်ဆံရေးတွေ ပိုပြီးတော့ တိုးမြင့်လာတော့မယ့် လက္ခဏာအဖြစ် အကဲခတ်တွေက မြင်ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

COMMENT BOX *^v^*