LinkWithin

Related Posts Plugin for WordPress, Blogger...

Wednesday 26 June 2013

ကရင့်ဂီတလောကမှာ ခွဲခြားမှုတွေ ရှိနေပြီလား


ကရင့်ဂီတလောကမှာ မိုနိုသီချင်း၊ ခေတ်ပေါ်သီချင်းနဲ့ ရိုးရာဒုံးတေးသွားတွေကို အခြေပြုပြီးတော့ အကောင်းဆုံးလက်စွမ်းပြ ဆန်းသစ်တီထွင်တီးခတ်ပေးနိုင်တဲ့ Band ကတော့ Nuclear Band ပါပဲ။
ဒီ Band ကို 91 Studio နဲ့ တွဲဖက်ပြီးတော့ ကရင်လူထုကို ဂီတနဲ့ ဖျော်ဖြေပေးဖို့ လောကကြီးထဲကို တရက်ထဲ အတူတကွ မွေးဖွားရောက်ရှိလာတဲ့ လိဒ်ဂီတာ ဒူးဒူးနဲ့ ကီးဘုတ် ပိပိတို့က ဦးဆောင်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

Nuclear Band ဟာ ကရင်ပြည်နယ်က ဂီတကိုလိုက်စားနေတဲ့ အဆိုရှင်များစွာကို မွေးထုတ်ပံ့ပိုးနိုင်ခဲ့သလို ပိုးကရင်အဆိုတော်တွေကြောင့်လည်း ကရင့်ဂီတရဲ့ ဘုရင်တဆူဖြစ်ခဲ့ရပါတယ်။
ဒူးဒူး ပိပိနဲ့ တွဲဖက်ပြီးတော့ ဘေ့စ်ဂီတာ ဖိုးကျော်၊ ဒရမ်မာ စောမင်းကို- စောသဒါးတို့က အနောက်တိုင်းတူရိယာနဲ့ ကရင့်ရိုးရာတူရိယာတွေကို ပေါင်းစပ်ပြီး ကရင်မောင်မယ်များ ဆို က နိုင်တဲ့ ဒုံးသီချင်းများစွာကို ဖန်တီးပေးနိုင်ရုံသာမကပဲ Popဂီတနဲ့အတူ Heavy metal Rock, Alternative, Modern, Punk Rock နဲ့ကရင်လူငယ်တွေဆာလောင် ငတ်မွတ်နေတဲ့ Hip Hop သီချင်းတွေကိုလည်း ပရော်ဖက်ရှင်နယ်ဆန်စွာ တီးခတ်ပေးခဲ့ပါတယ်။
ပြီးတော့ သူတို့တွေဟာ ဘာသာရေးကို အခြေမခံပဲ နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ ကရင့်အမျိုးသားအတွက် စေတနာနဲ့ မျိုးချစ်စိတ်ကို အရင်းခံပြီး တီးခတ်ကြတာလည်းဖြစ်ပါတယ်။
ဒီလို သမိုင်းတွင်မဲ့ ရိုးရာတေးသီးချင်းတွေရော Jazz, Blue ဂီတပါမကျန် အပြောင်မြောက်ဆုံး တီးခတ်ပေးနေရင်းနဲ့ ဘေ့စ်ဂီတာ ဖိုးကျော်က ပြည်ပကို ထွက်ခွာသွားခဲ့တာကြောင့် Bass ဂီတာသမား တယောက် လစ်ဟာသွားခဲ့ရပါတယ်။ အစားထိုးချင်ပေမဲ့လည်း ပရော်ဖက်ရှင်နယ် ဘေ့စ်သမားကို မရခဲ့ပါဘူး။ ဒါဟာ စတူဒီယိုမှာ ပြသနာမရှိပေမဲ့ တကယ့် Live Show တွေမှာကျတော့ အခက်အခဲ ရှိလာပါတယ်။
ဒီပြသနာကို ဖြေရှင်းဖို့ ရန်ကုန်က bass ကရင်လူငယ်တွေကို ခေါ်တီးပြန်တော့ ''မင်းတို့ဝိုင်းက ဟိုခေါ်
ဒီခေါ်နဲ့ ပိုးကရင်ဝိုင်း စစ်စစ် ဘယ်ဟုတ်တော့မလဲ" ဆိုပြီး ခွဲခြားတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုမှုတွေကိုလည်း
ကြုံခဲ့ရပြန်ပါတယ်။
Nuclear Band ထဲက တယောက်က '' ကျွန်တော်တို့ ကရင်အချင်းချင်းတောင် ဒီလိုခွဲခြားမှုတွေ ရှိတာ မယုံနိုင်အောင်ပဲကွာ။ ကျွန်တော်တို့ နိုင်ငံခြားထွက်ပြီး မတီးရရင်လည်းနေပါစေ၊ ကရင်ပြည်နယ်က အဆိုတော်တွေ မပါပဲနဲ့တော့ ကျွန်တော်တို့ ဘယ်နေရာမှ ထွက်မတီးဘူး'' လို့လည်း ရင်ဖွင့်သွားခဲ့ပါတယ်။
တကယ်တမ်းကျတော့လည်း နိုင်ငံတကာက ကရင်တွေကလည်း Nuclear Band ကို ဖိတ်ခေါ်မဲ့ ဆန္ဒတွေ ရှိနေကြပေမဲ့ ပိတ်ပင်တားဆီးမှုတွေ အားပြိုင်မှုတွေ ရှိနေတယ်လို့လည်း အမည်မဖေါ်လိုတဲ့ အဆိုတော်တဦးကလည်း ပြောသွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Nuclear Band ဟာ ဘာသာရေးကို အခြေမခံပဲ ကရင့်ဂီတရဲ့ သမိုင်းစာမျက်နှာများစွာကို အပြောင်မြောက်ဆုံး ရေးသားပြီးစီးခဲ့တယ်ဆိုတာ ကရင့်အမျိုးသားတွေက
သိရှိနားလည်ပြီးသားပဲ ဖြစ်ပါတယ်။
ကဒေါင်ဆွေ

No comments:

Post a Comment

COMMENT BOX *^v^*