LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 24 June 2013

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရန် မြို့ပြစီမံကိန်းတွင် ထည့်သွင်းထား

ရန်ကုန်မြို့၌ မော်တော်ယာဉ်စီးရေ တိုးတက်များပြားလာမှုနှင့်အတူ အဓိက လမ်းဆုံလမ်းခွများတွင်
ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိရာ လမ်းများချဲ့ထွင်ခြင်း၊ ခုံးကျော် တံတားများ
တည်ဆောက်ခြင်း၊ လမ်းဆုံလမ်းခွများကို ပြန်လည်မွမ်းမံခြင်းနှင့် မီးပွိုင့် အချက်ပြစနစ်များ
အဆင့်မြှင့်တင်ခြင်းများ လိုအပ်လျက်ရှိသည်ဟု မဟာရန်ကုန် မြို့ပြ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး
အဖွဲ့၏ အဖွဲ့ခေါင်းဆောင် မစ္စတာတာ ကာရှိရှိုယာမက ပြောသည်။

"လက်ရှိရန်ကုန်မြို့က ခရီးသည်တင် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးမှာဆိုရင် ဘတ်စ်ကားတွေ
မလုံလောက်သေးဘူး။ ခရီးသည်တွေအနေနဲ့ ဘတ်စ်ကားကို ကျပ်ကျပ်ညပ်ညပ်နဲ့ အချိန်အကြာ
ကြီးစောင့်စီးရတယ်။ လုံခြုံမှုအပြည့်မရှိဘူး " ဟု ၎င်းက ပြောသည်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(ဂျိုက်ကာ)မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်
ပူးပေါင်း၍ ၂၀၄၀ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကိုရေးဆွဲလျက်ရှိရာ မြို့ပြသယ်ယူ
ပို့ဆောင်ရေးနှင့် ပတ်သက်၍ ရေတိုရေရှည် စီမံကိန်းများဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်
သည်။
စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ နှင့်
ပူးပေါင်း၍ အဆိုပါ စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့၊
ချက်ထရီယမ် ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း
စာတမ်းဖတ်ပွဲတွင် ၎င်းက ပြောသည်။
ရန်ကုန်မြို့၏ လက်ရှိ လူဦးရေမှာ ၅ ဒသမ ၁၄ သန်းရှိပြီး လက်ရှိ လူဦးရေ၏ သုံးရာခိုင်နှုန်းသည်
သာ မြို့ပတ်ရထား သယ်ယူပို့ဆောင်ရေးကို မှီခိုအားထား နေရသော်လည်း နောင်အနာဂတ်တွင်မူ
၃၀ ရာခိုင်နှုန်းခန့် အသုံးပြုလာနိုင်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိ မြို့ပတ်မီးရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ထပ်မံ တည်ဆောက်
သွားရန်ရှိပြီး ကီလိုမီတာ ၃၅၀ အရှည်ရှိသော လမ်းကြောင်းသစ် ငါးခုအပါအ၀င် မီးရထားလမ်း
ကြောင်း ရှစ်ခုကို ၂၀၄၀ တွင် တည်ဆောက်ပြီးစီးရန် အဆိုပြုထားသည်။
"ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး
မြို့တော်နေပြည်သူများ သက်သောင့်သက်သာရှိပြီး လွယ်ကူအဆင်ပြေချောမွေ့တဲ့ သယ်ယူ
ပို့ဆောင်ရေး စနစ်အပါအ၀င် ကဏ္ဍပေါင်းစုံမှ အခြေခံအဆောက်အအုံများနဲ့ public utilities တွေ
ကို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နေပါတယ်" ဟု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

No comments:

Post a Comment

COMMENT BOX *^v^*