28.02.2013
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ဆယ်နှစ်နီးပါး ဖြစ်ပွါးနေတဲ့
အကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက
မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့
ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။
လာမယ့် သီတင်းပါတ် ၂ပါတ်မှာ စတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်း အရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။
”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။
သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ်နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီဖြစ်သော်