
လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများ သည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်းသိရသည်။ အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ်ဆေးနှင့် ပင်လုံး ပျံ့ပိုးသတ်ဆေးတို့ ဖြစ် သည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ ”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံ တွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံး ခဲ့ ကြောင်း သိရသည်။
No comments:
Post a Comment