LinkWithin

Related Posts Plugin for WordPress, Blogger...

Wednesday, 23 July 2014

ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် များ ပြောင်းရွှေ့ပေးရန်လိုအပ်သည့် နောင်ကာကျေးရွာ


 ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ နောင်ကာကျေးရွာမှ လူနေအိမ်များကို ဖျက်သိမ်းနေကြရသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့သည် ဇူလိုင် ၂၁ ရက်

နောင်ကာကျေးရွာသည် ဗန်းမော် မြို့နယ်နှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်
အနောက်ဘက်မြစ်ကမ်းနား ဘေးတွင် တည်ရှိသည်။ အိမ်ခြေ ၇၀၊ အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၃၈၈ ဦးရှိ၍ လယ်ယာမြေလုပ်ကိုင် စား သောက်သော မြစ်ကမ်းနဖူးရွာကလေးတစ်ရွာဖြစ်သည်။
နောင်ကာကျေးရွာ အရောက်တွင် မြစ်ကမ်းပါးရေတိုက်စားမှု၊ မြေပြိုနေမှု၊ လူနေအိမ်ဖျက်ထားသည့် နေရာများ တွေ့မြင်ရပြီး လူနေအိမ်တစ်လုံး ဖြိုဖျက်နေသည် ကိုလည်းတွေ့ရသည်။ ထို့နောက် ကျေးရွာ ဘုန်းကြီး ကျောင်းတွင် ဆရာတော် ဦးသောဘိတ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ကမ်းပါးပြိုကျမှု၊ လူနေအိမ် ဖြိုပျက်နေမှု၊ လူနေအိမ်ပြောင်းရွှေ့ရေး ကိစ္စတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။ "မြစ်ရေတိုက်စားမှုကြောင့် လူ နေအိမ် ၄၀ ဖြိုဖျက်ထားပြီး ကိုးလုံးမှာ ယာယီပြောင်းရွှေ့နေထိုင်ကြတယ်၊ လူနေအိမ်အားလုံးကို ဧရာ ၀တီမြစ်အရှေ့ဘက်ကမ်း ညောင်ပင် သာယာရွာတောင်ဘက်သို့ ပြောင်းရွှေ့ပေးစေလိုပါတယ်" ဟု ဆရာတော် က မိန့်ကြားသည်။

ပြောင်းရွှေ့ မြေနေရာရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြပြီး အမြန်ဆုံးပြောင်းရွှေ့နိုင် အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး ညောင်ပင်သာရွာအနီး ပြောင်း ရွှေ့မည့်မြေနေရာကို သွားရောက် ကြည့်ရှုစစ်ဆေးရန် မြို့နယ်အုပ်ချုပ် ရေးမှူးကိုတာဝန်ပေးလိုက်သည်။ ဧရာဝတီမြစ်ရေ မြင့်တက်သည့် ကာလဖြစ်၍ သွားလာရေးခက်ခဲ ချိန်တွင် မိဘပြည်သူ၊ ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ခရိုင်ကျန်းမာရေးဦးစီးမှူးက သူနာပြုဆရာမများကို တာဝန်ပေး စေလွှတ်ထားကြောင်း သိရသည်။

ကောင်းစင့်ရာ အနောက်ဘက်တွင် ကမ်းပါးမြေပြို၍ အောင်ချမ်းသာရွာမှ ပြောင်းရွှေ့လာသော လူနေ အိမ်များကို တွေ့မြင်ရသည်။ အိမ်များ၏တောင်ဘက် ခြောက်ဖာလုံခန့်အကွာ ကုန်းမြေပေါ်သို့ သွားရောက်၍ ပြောင်းရွှေ့နိုင်မည့် မြေနေရာအခြေအနေကို မြေပုံကားချပ်နှင့်တကွ စစ်ဆေးကြည့်ရှုခဲ့သည်။

ဧရာဝတီမြစ်ရေသည် လက်ရှိရေ အမှတ်ထက် ဆက်လက်မြင့်တက်လာပါက အိမ်ခြေ ၇၀ နှင့် လူဦးရေ ၃၈၈ တို့မှာ မြစ်ရေလွှမ်းမိုး ဒဏ်ခံရမည်ဖြစ်သည်။
၎င်းတို့မိသားစုဘဝရှေ့ရေးထိုင်မှုများ အခက်အခဲရှိလာနိုင်သဖြင့် လူနေအိမ်များ အချိန်မီပြောင်း ရွှေ့ပေးရန် လိုအပ်ကြောင်း သိရသည်။
မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့မှ နောင်ကာကျေးရွာသို့ စက်လှေဖြင့် သွားရောက်ခဲ့ကြသည်။

No comments:

Post a Comment

COMMENT BOX *^v^*