LinkWithin

Related Posts Plugin for WordPress, Blogger...

Friday 1 March 2013

ဦးသိန်းစိန် ကိုယ်စာ စိုင်းနော်ခမ်း ဒူးထောက်လိုက်ရတာပါ။



တရားခံ စို်င်းနော်ခမ်းကို ဒူးထောက်ခိုင်းထားတာဟာ လူဂုဏ်သိက္ခာကို ချိုး နှိမ်တာပေါ့။ လူဂုဏ်သိက္ခာကိုလေးစားတဲ့နိင်ငံတွေမှာ ဒါမျိုးမရှိဘူး။တရုပ်နိင်ငံက ဆူပါပါဝါဖြစ်ဖို့ ဆိုရင် ဆူပါပါဝါယျဉ်ကျေးမှုရှိဖို့ တော့လိုတယ်။

စိုင်းနော်ခမ်းကို သတ်ဖြတ်မှုမှာ နိင်ငံရေးရည်ရွယ်ချက်တွေအများကြီးပါနေတယ်။ အရင်က သတ်ဖြတ်မှုတွေမှာဒီလောက်အသေးစိတ်မပြဘူး။ ဒီလောက်အသေးစိတ်ပြနေတာကတော့ အမျိုးသားထုတရပ်လုံးကိုစောကားမှု ( National Humiliation) ဖြစ်ပါတယ်။




တရုပ်ပြည်က ဒီဒေသမှာ ငါဗိုလ်ပဲဆိုတာကို ပြလိုက်တာ။ အထူးသဖြင့် လာအို စ်နဲ့မြန်မာအစိုးရတွေကို သတိပေးလိုက်တာ။

ဦးသိန်းစိန် ဒူးထောက်လိုက်ရတာပါပဲ။

စိုင်းနော်ခမ်းကို သတ်ဖြတ်မှုက ငါဒို့  လူတွေကိုထိရင် ဒီလိုအရေးယူမယ်ဆိုတာကိုပြတာပါ။

စိုင်းနော်ခမ်းကို ဒူးထောက်ခိုင်းတာ မင်းတို့  ကြည့်ထားကြ။ တရုပ်အင်ပါယာကို စမ်းဝံသူတွေဟာဒီလိုဒူးထောက်ရမယ်ဆိုတာကို

မြန်မာ နဲ့လားအို စ်ကို သခန်းစားပေးလိုက်တာပါ။

တရုပ်ပြည်ကို ဒုက္ခပေးခဲ့တဲ့မူးယစ်ရာဇာ တွေဖြစ်တဲ့ လောစစ်ဟန်၊ လောစစ်မင်း၊ ခွန်ဆာ တို့ ကို ကြတော့ဒီလိုအရေးမယူခဲ့ပါဘူး။

ဒီတခါတော့တိုက်တိုက်ဆိုင်ဆိုင် ရှမ်းအမျိုးသားတဦးဖြစ်တဲ့ စိုင်းနော်ခမ်းဟာ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့ရပါတယ်။တရုပ်ပြည်က

မြန်မာအစိုးရကို အမြက်သိုနေတဲ့ကာလ ဖြစ်နေပါတယ်။

သူတို့ အရင်က သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို ဒီလို ဒူးထောက်ရတာတွေမရှိဘူး။ ဘယ်နိင်ငံမှာမှ လဲ ဒီလိုသေဒဏ်ကျတဲ့တရားခံကို

ထပ်ပြီး ဒူးထောက်ခိုင်းတာမရှိဘူး။ဒါဟာ ဦးသိန်းစိန် ကို်ယ်စား စိုင်နော်ခမ်း ဒူးထောက်လိုက်ရတာပါ။

မြန်မာ ပြည်မှာ ဒီမိုကရေတစ်ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ တရုပ်ပြည်ဟာ မြန်မာ ကို ဒီလို မစောကားခဲ့ဘူး။

နောင် ဒီမိုကရေစီသမတ ကိုလဲ ဒီလိုမစောကား ၀ံပါဘူး။ ခံသူရှိလို့ လုပ်တဲ့သူကလုပ်ရဲတာပါ။

ဒီတော့ကျနော်တို့ လုပ်စရာရှိတာကတော့ တရုပ်ကြေးနီမိုင်းကို မြန်မာမြေပေါ်က နေမောင်းထုတ်ကြဖို့ ပါပဲ။

လက်ပတောင်းတောင် တိုက်ပွဲ ကို ဗဟိုပြုပြီး ကျန်တဲ့လူထုတိုက်ပွဲတွေဝိုင်ရံဖေါ်ထုတ်ဖို့ ပါပဲ။

No comments:

Post a Comment

COMMENT BOX *^v^*