LinkWithin

Related Posts Plugin for WordPress, Blogger...

Wednesday 23 July 2014

သစ်သီးဝလံများ စိုက်ပျိုးသူများ ဓါတုဆေးသုံးစွဲမှု စနစ်တကျမရှိလျင် သေဆုံးသည် အထိဖြစ်ပွားနိုင်

သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ်သူ များသည် ဓါတုဆေးဝါးများ စနစ်တကျ သုံးစွဲခြင်း မရှိပါက ယင်းတို့၏ ကျန်းမာရေးသာ မက အသက်အန္တရာယ်ထိ ဒုက္ခဖြစ်စေ နိုင်ကြောင်းကို မြန်မာနှို်င်ငံ သစ်သီးဝလံနှင့် ပန်မာန် များ စိုက်ပျိုးထုတ်လုပ်သူများ ကော်မတီဝင် ဒေါ်သန်းသန်းဆွေကပြောသည်။

"သစ်သီးဝလံတွေ စိုက်ပျိုးတဲ့ အခါ ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးတွေ သုံးတဲ့နေရာမှာ လိုတာထက်ပိုပြီး သုံးတာ မျိုးတွေရှိတော့ စိုက်ပျိုးသူတွေကို အန္တရာယ်ဖြစ်စေ ပါတယ်။ကင်ဆာရောဂါတွေအပြင် နောက်ပိုင်းမှာ သေဆုံး တဲ့အထိရင် ဆိုင်ရပါတယ်။ ဒါကြောင့် စနစ်တကျနဲ့ သတ်မှတ်ချက်အတိုင်း
အသုံးပြုသင့် တယ်။အဲဒီဆေးတွေ ကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးတိုင်း မှာ ဖြစ်တာ အများဆုံးပဲ။"ဟုယင်းကဆက်လက်ပြောကြားသည်။

ထိုသို့ ဓါတုဆေးများအသုံးပြုပါက် အရေပြားမှတဆင့် တစ်ထောင်မီလီမီတာ ခန့်ပမာဏလောက်ခန္ဓာကိုယ် တွင်းဝင်ရောက်သွားပါက သေဆုံးသည် အထိဖြစ်ပွားနိုင်ပြီးစနစ်တကျသုံးစွဲမှုမရှိလျင်၈-နှစ်ခန့်အတွင်း အရေ ပြားကင်ဆာ၊အတိတ်မေ့ရောဂါများခံစားရနိုင်သည်ဟုဆိုသည်။

" မုံရွာမှာဆိုရင် မနှစ်က ဖရဲသီးနဲ့သခွားသီးတွေစားပြီး အသက်ကြီး တစ်ယောက် ကတော့ ဆေးရုံရောက်ခဲ့တယ်။ ကလေးတချို့ကတော့ သေဆုံးခဲ့ရတာက ပိုးသတ်ဆေးတွေကြောင့်ဖြစ်ပါတယ်။ပိုးသတ်ဆေးသုံးထားလို့ သတ်မှတ် ရက်ကျော်မှ စားလို့ရမယ့်အခြေအနေမျိုးမှာ အချိန်လိုနေပြီး ဈေးကွက်ထဲရောင်း ချရာက စားသုံးသူ ဒုက္ခဖြစ်ကြရတယ်။"ဟု မန္တလေးတိုင်းဒေသကြီး၊မြန်မာနိုင်ငံ သစ်သီးဝလံအသင်း အတွင်းရေးမှုး ဦးကျော်စိုးနိုင် ကပြောသည်။

ယင်းကဲ့သို့ သီးနှံဓါတုဆေးများသုံးစွဲရာတွင် ထုတ်လုပ်ရောင်းချသူတချို့ က ဆေးသုံးစွဲပြီးနောက် ထားရှိရမည့် သတ်မှတ်ကာလ မကျော် လွန်မီ ဈေးကွက်သို့ရောင်းချလိုက်ခြင်းများရှိခဲ့၍ စားသုံးသူများတွင် အန္တရာယ်ဖြစ်စေ ခဲ့သည်ဟုဆိုသည်။

No comments:

Post a Comment

COMMENT BOX *^v^*