အောက်ပါကဗျာ (ထား) သည် ရှေးကုရင်လူကြီးများ ကုရင်များတွင် တိုင်းပြည်ရှိခဲ့ပုံအကြောင်းကို ဖွဲ့ ဆိုထားခဲ့ခြင်း ဖြစ်သည်။
အထက်ပါကဗျာ (ထား)မှာ ကုရင်လူမျိုးတွင် တိုင်းပြည်အမှန်တကယ် ရှိခဲ့သလားဟူ၍ မေးထားပြီး၊ မည်သည့်နေရာတွင် ရှိခဲ့ပုံ အကြောင်းကို ဖြေဆိုထားခြင်းဖြစ်သည်။ မေးခွန်း၏အဖြေမှာ ရှေးလူကြီးသူမများ အပြည့်အစုံပြောထားခဲ့ပြီး ဖြစ်သည်။ ဤပြောဆို ခဲ့သည့်စကားများကို တစ်ခေတ်ပြီးတစ်ခေတ်။ နောင်လာနောက်သားများကို ပြောပြကြရသည်။ ကျွန်ုပ်တို့ လူမျိုးတွင် သာယာဝပြောသည့် တိုင်းပြည်အမှန်ရှိခဲ့ပုံနှင့် မည်သည့်နေရာများတွင် ရှိခဲ့သည်ကို ဖေါ်ပြထားသည်။ ဤတိုင်းပြည်သည် သဲကန္တရရှိပြီး သဲများဖြင့် ရောနှောစီး ဆင်းသည့် ချောင်းများရှိသည်။ ၎င်းကို ကုရင်လို (ထီးဆက်မဲ့ယွာ) ဟုခေါ်သည်။ ဤတိုင်းပြည်ရှိ သဲသောင်လွင်ပြင်နှင့် သဲစီးသည့် ချောင်းများသည် ရွှေရောင်ကဲ့သို့ ဝင်းဝါလှပသည်ဟု ဆိုထားခြင်းဖြစ်သည်။

အထက်ပါကဗျာ (ထား)တွင် ရှေးယခင်က ကုရင်ပြည်စစ်စ်ပြည်မကြီးတွင် ခေါင်းဆောင် (လူကြီး)လုပ်သူ၏အမည်ကို မေးထားပြီး ကုရင်တို့ ၏ ပြည်မထဲတွင် ခေါင်းဆောင်လုပ်သူ၏အမည်မှာ ၀က်စွယ်ရှင် (ထော့မဲပါ) ဖြစ်သည်ဟု ဖြေဆိုထားသည်။ ဆက်လက်ပြီး ဤကုရင်ပြည်သည် လူကြီးသူမများက အလွန်သာယာလှပသည်ဟု ဆိုထားသဖြင့် မည်၍မည်မျှသာယာလှပကြောင်းမေးထားပြီး ဤကုရင်ပြည် (ထီးဆက်မဲ့ယွာ) ထီးဆက်မဲ့သောတိုင်းပြည် (ရွှေရောင်လွှမ်းသည့် သဲများစီးဆင်းလာသည့် သဲချောင်းရှိသည့် တိုင်းပြည်) ဖြစ်ကာ အလွန်တရာ သာယာလှပသော တိုင်းပြည်ကြီးတစ်ပြည် ဖြစ်သည်ဟု ဖြေဆိုထားခြင်းဖြစ်သည်။
ရွှေရောင်လွှမ်းသည့် ဤ (ထီးဆက်မဲ့ယွာ) တိုင်းပြည်သည် ဘယ်အရပ်တွင် တည်ရှိသနည်းဟု မေးလာပြီး ဤသာယာလှပသည့် ၀က်စွယ်ရှင် (ထော့မဲပါ)၏ တိုင်းပြည်သည် ခုနှစ်စဉ်ကြယ်ရှိရာအရပ်တွင် တည်ရှိပြီး ခုနှစ်စဉ်ကြယ်၏ အောက်တည့်တည့်တွင်ဖြစ်သည်။ ခုနှစ်စဉ်ကြယ်ရှိရာ အရပ်တည့်တည့်သို့ ဦးတည်ပြီးသွားပါက ထီးဆက်မဲ့ယွာဟု ခေါ်ဆိုသည့် အရပ်ကို ရောက်ရှိသွားသည်။ ခုနှစ်စဉ်ကြယ် အောက်သို့ ရောက်ရှိသောအခါ ဤနေရာသည် (ထီးဆက်မဲ့ယွာ) တိုင်းပြည်ဖြစ်ပေသည်။

(ထီးဆက်မဲ့ယွာ)ပြည်သည် မည်ကဲ့သို့ တိုင်းပြည်ဖြစ်သနည်း။
အမေးတွင် တိုင်းပြည်အစစ်အမှန် ထီးဆက်မဲ့ယွာပြည်မကြီးမှာ အဘယ်ကဲ့သို့ သော တိုင်းပြည်ဖြစ်သနည်းဟု ဖေါ်ပြထားပြီး ဤမေးခွန်းကို အထက်ပါကဗျာ(ထား)နှင့် ဖြေဆိုရာတွင် ဤတိုင်းပြည်မှာ ကျယ်ဝန်းလှသည့်သဲသောင်ပြင် သဲကန္တရအရပ်ဖြစ်ပြီး ရေများစီးဆင်းရာ၌ သဲကိုဖြတ်လာရသဖြင့် သဲနှင့်ရေများရောနှောစီးဆင်းနေသည်ကို တွေ့ ရကြောင်း၊ ဤအရင်ဒေသသည် သဲကန္တရနယ်မြေ သဲစီးချောင်းနယ်မြေများ ဖြစ်သဖြင့် သွားလာရေးတွင် အလွန်ခက်ခဲကြောင်း၊ ဤအရာများအား ကြည့်ရှုရာတွင် ပင်လယ်သမုဒ္ဒရာရော၊ ကုန်းမြေပြင်ရော လွယ်လွယ်နှင့် မသိနိုင်ကြောင်း ဖေါ်ပြထားသည်။

အမေးတွင် ရှေးယခင်က ဤရွှေရောင်သန်းသည့် ထီးဆက်မဲ့ယွာ တိုင်းပြည်ပတ်ပတ်လည်တွင် ဘယ်အရာများရှိသနည်းဟု ဖေါ်ပြထားကာ ဤမေးခွန်းအား အထက်ပါ ကဗျာ(ထား)နှင့် ဖေါ်ပြဖြေဆိုရာ၌ ထီးဆက်မဲ့ယွာတိုင်းပြည်၏ သုံးဘက်သုံးတန်မှာ ကုန်းမြေပြင်ဖြစ်ပြီး ကျန်တဘက်မှာ ပင်လယ်ကမ်းခြေဖြစ်သည်။ တနည်းအားဖြင့် ထီးဆက်မဲ့ယွာတိုင်းပြည်ပတ်ပတ်လည်တွင်၊ အရှေ့၊ အနောက်နှင့် မြောက် အရပ်များမှာ ကုန်းမြေများဖြင့် ၀ိုင်းရံထားခြင်းဖြစ်ပြီး တောင်ဘက်အရပ်မှာမူ ပင်လယ်ကမ်းခြေဖြစ်သည်ဟု ဖေါ်ပြ ထားသည်။ ရေရှိသည့် အရပ်မျက်နှာဘက်တွင် နောက်ပိုင်း၌ တိုင်းသစ်ပြည်သစ် တစ်ပြည်ဖြစ်ပေါ်လာသည်။ ဤတိုင်းသစ်ပြည်သစ် ပေါ်လာခြင်းမပြုမှီအချိန်တွင် ပင်လယ် သမုဒ္ဒရာထဲ၌လှိုင်းတံပိုးများအမြဲတစေ လှုပ်ရှားရိုက်ခတ်လျက်ရှိသည်။ မြေပုံ (၁) ကိုကြည့်ပါ။
ထီးဆက်မဲ့ယွာ၏ ပတ်ပတ်လည်နယ်နမိတ်ကား အဘယ်သို့ နည်း။

မြေပုံ(၁)ကို ကြည့်ပါ။
ထီးဆက်မဲ့ယွာကမ်းခြေအားရိုက်ခတ်သည့် ပင်လယ်လှိုင်းတံပိုးများသည် ကုန်းမြေအသစ်ကို ပေါ်ပေါက်စေသည်။
အထက်ပါကဗျာ (ထား)မှာ ယခုလိုဆိုပါသည်။ ထီးဆက်မဲ့ယွာ ကမ်းခြေကို ရိုက်ခတ်လျက်ရှိသည့် ပင်လယ်လှိုင်းတံပိုးတို့ သည် အလွန်ကြီးမားကာ အစဉ်အမြဲလှုပ်ရှားတက်ကြွနေသည်။ ထို့ ကြောင့် ဤရိုက်ခတ်လျက်ရှိသည့် လှိုင်းများမှာ စီးဆင်းလာသည့် သဲများအားစုပုံစေသည်။ နောက်ဆုံးတွင် ပင်လယ်ထဲတွင် မြေပုံကလေးများ စုပုံပေါ်ပေါက်လာစေသည်။ ဤကုန်းမြေပုံများသည် တဖြေးဖြေးကြီးထွားစုပုံလာပြီး ကုန်းမြေအဖြစ် ကြီးထားကျယ်ပြန့် သွားလေတော့သည်။

ဤကဗျာ(ထား)တွင် ယခုလို မေးထားသည်။ ရှေးလူကြီးသူမများက ကုရင်ပြည်သစ်အကြောင်းကို မည်ကဲ့သို့ ပြောဆိုခဲ့သနည်း။ ဤမေးခွန်းအား ဖြေဆိုရာ၌ ဤတိုင်းပြည်သစ်မှာ ပေါ်ပေါက်ခါစတွင် နုံးမြေပုံငယ်ငယ်ကလေးသာဖြစ်ခဲ့သည်။ ကြက်မတ၀ပ်စာမျှသာ အကျယ်အ၀န်းရှိသည်။ သို့ ရာတွင် အလျင်အမြန်ကြီးထွားလျက်ရှိသည်။ ပင်လယ်လှိုင်းများ ရိုက်ပုတ်သဖြင့် ယခုကဲ့သို့ စုပုံဖြစ်ပေါ်လာသည့် နှုံးမြေများမှာ ဤလှိုင်းတံပိုးများကြားထဲတွင် အလျင်အမြန်ကြီးထွားလာသည်။
ပြည်မကြီးက ဂုဏ်အင်္ဂါနှင့် ပြည့်စုံသည့်တိုင်းပြည်သစ် တစ်ပြည်အား မွေးထုတ်ခြင်း

နောက်ဆုံးတွင် ဒီ (၉)ဒီအဖြစ် မြေနေရာ ပြည့်ပြည့်၀၀ပေါ်ပေါက်လာတော့သည်။ ဤဒီ(၉)ဒီအပေါ်၌လည်း တောင်ပေါ်မြေပြန့် ၊ လျှိုမြှောင်၊ မြစ်၊ ချောင်းများပေါ်ပေါက်လာသည်။ ဤသို့ ဖြင့် ကုရင်လူမျိုးအတွက် သာယာလှပသည့် လက္ခဏာအပြည့်အ၀ရှိသော တိုင်းသစ်ပြည်သစ်တစ်ပြည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကုရင်ပြည်သစ်တစ်ပြည် ပေါ်ပေါက်တည်ရှိသည့် အကြောင်းပေတည်း။
မြေပုံ (၂)ကို ကြည့်ပါ။


No comments:
Post a Comment