သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)မှ ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။
ကုရင်လူမျိုးတို
့သည် "အူကရိုအဲလ်တက်" ကနေစ၍ ဆင်းလာရာ တဆင့်ပြီးတဆင့် ဗမာပြည်သို
့ရောက်ရှိလာကြသည်အထိ ၎င်းတို့ နှင့် အတူ နှစ်လိုဖွယ်ရာကောင်းသည့်
ထုံးတမ်းဓလေ့များကိုပါ ယူဆောင်လာခဲ့ကြသည်။ ပထမဦးဆုံး ၎င်းတို့ သည်
မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာမှာ ဧရာဝတီမြစ်ဖျား၏
အထက်ပိုင်းအရပ်တွင် ရှိလေသည်။ ထိုနေရာမှစပြီး အချို့ ကုရင်များမှာ
ဧရာဝတီမြစ် အတိုင်း ဆင်းလာကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည်။
အချို့ မှာ ဧရာဝတီမြစ်ဝအထိရောက်ရှိကာ မြေပြန့် ဒေသတွင် နေထိုင်ခဲ့ကြသည်။
တနည်းအားဖြင့် BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားရှိနှစ်များအတွင်း
ဗမာပြည်အတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ သည် အုပ်စုများအဖြစ် ဖွဲ
့ပြီးလူစုခွဲကြလေသည်။ အုပ်စုတစ်စုအတွင်းတွင် အဖွဲ့ တစ်ဖွဲ့ စီမကရှိပြီး
ဤအဖွဲ့ မှာ အခြေချနေထိုင်နိုင် ရေးအတွက် နေရာကောင်းများကိုရှာဖွေရန်
တာဝန်ယူကြရသည်။ ၎င်းတို့ သည် အကွက်အကွင်းကောင်းသည့်နေရာများကို ရွေးချယ်ကြ
ပြီး အိုးအိမ်များဆောက်ကာ ရပ်ရွာများတည်ကြလေသည်။ ဤသို့ အားဖြင့်
တစ်ရွာပြီးတစ်ရွာတည်ကြလေသည်။ ရွာတစ်ရွာတည်ပြီးလျှင် ဤရွာတွင်
လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ရွာနီးပတ်ဝန်းကျင်ရှိ မြေများကို
ယူထားကြလေသည်။ ဤသည်မှာ တည်ဆောက်လိုက် သည့်ရွာတိုင်းအတွက်
ပြုလုပ်ခြင်းဖြစ်သည်။
အိမ်များကိုဆောက်လုပ်ရာတွင်
တိုင်များအဖြစ်သစ်ပင်ပျိုးများကို အသုံးပြုသည်။ အချို့ မှာ "၀ါးပိုး"
ဝါးများကို အသုံးပြုသည်လည်း ရှိသည်။ ထိုနည်းတူစွာ အခင်းများကို တင်ရန်အတွက်
ဆင့်များကိုလည်း အချို့ က သစ်ပင်ပျိုများ (သို့ ) ၀ါးပိုးဝါးများကိုသာ
အသုံးပြုကြ သည်။ အမိုးအတွက်ကိုမူ အချို့ ကသက်ငယ်ကိုသုံးပြီး အချို
့ကအင်ဖက်ကို အသုံးပြုကြလေသည်။ ဓနိရွက်ကိုလည်း သုံးကြပါသည်။ ၀ါး
ခြမ်းဖြင့်အိမ်ကို မိုးသည်များလည်းရှိသည်။ ၎င်းတို့ နေထိုင်သည့်အရပ်တွင်
မည်သည့်ပစ္စည်းက ပေါနေသည့်အပေါ်မူတည်ပြီး အသုံးပြု ကြခြင်းဖြစ်သည်။
သက်ငယ်ပေါသည့်အရပ်တွင် အိမ်ကိုသက်ငယ်ဖြင့် မိုးလေသည်။ ဓနိပေါသောနေရာတွင်
ဓနိရွက်ကိုအများအားဖြင့် အိမ်မိုးရန် အသုံးပြုကြလေသည်။
အချို
့ရွာများသည် အိမ်ခြေများ၏။ အချို့ ရွာများမှာမူ အိမ်အနည်းငယ်သာ ရှိသည်။
ရွာတိုင်းနာမည်အသီးသီးပေးထားသည်။ ရွာ၏နာမည် များကို ဤရွာထဲတွင်
နေထိုင်ခဲ့ကြသည့် ဆွေမျိုးအုပ်စုတို့ ၏အကြီးအကဲနာမည်များကို
အမှတ်အသားပြုပြီး မှည့်ပေးလေရှိသည်။ တခါတရံ
ရွာအနီးရှိစမ်းချောင်းလေး၏နာမည်ကို အမှတ်အသားပြု၍
မှည့်ခေါ်သည်များလည်းရှိသည်။ တခါတရံ သစ်တောအုပ်၏အမည် ဖြင့်ဖြစ်စေ၊ တွေ
့ရှိရသည့် နေရာတစ်ခုခု၏အမှတ်အသားဖြင့်ဖြစ်စေ၊ ၎င်းတို့ ၏ကျေးရွာများ၏
အမည်များကို မှည့်ခေါ်လေ့ရှိသည်။ ဤကဲ့သို့ အမည်များမှည့်ခေါ်ခြင်းမှာ ၎င်းတို
့၏ဓလေ့ထုံးစံပင်ဖြစ်သည်။ ရွာ၏ပတ်လည်ကိုလည်း ၀ါးချွန်များ (သို့ )
သစ်တုံးချွန်များအား စိုက်ထူကာရံထားကြလေသည်။ ဤကဲ့သို့ ကာရံထားရုံမက
ဤအကာအရံ၏အပြင်ပတ်ပတ်လည်တွင် တခါခြံစည်းရိုးတလျှောက် မြောင်း
များကိုတူကြသည်။ မြောင်းများမှာ ကျယ်လည်းကျယ်သည်၊ နက်လည်းနက်ပေသည်။
အနည်းဆုံးအကျယ်မှာ "၈" တောင်ရှိသည်။ အနက်မှာမူ "၆" တောင်ရှိသည်။
ရွာ၏အ၀င်အထွက် တံခါးမဂိတ်ပေါက်မှာ နှစ်ပေါက်သာထားရှိသည်။
ရွာဦးတွင်တစ်ပေါက်နှင့် ရွအနောက်ဖက်တွင် ထွက်ပေါက်တစ်ပေါက်ဟူ၍ပင်ဖြစ်သည်။
ရွာထဲသို့ ဝင်ရန်နှင့်ထွက်ရန်အတွက် လမ်းများမထားရှိချေ။ မြောင်းအား
ဖြတ်ကျော်ရန်အတွက် မတ်တင်နိုင်သည့်တံတားကို ဆောက်လုပ်ထားသည်။ ရန်သူဖြစ်စေ၊
သားရဲတိရစ္ဆာန်များဖြစ်စေ ရောက်ရှိလာပါက ဤတံတားကို ဖယ်ရှားလိုက်ကြသည်။
ဤနည်းဖြင့် ၎င်းတို့ သည် အကာအကွယ်စည်းဝိုင်းအတွင်းလုံခြုံစိတ်ချစွာ
ဘေးရန်အပေါင်းမှ ကင်းဝေးအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတိုင်းတွင်
ရွာသူကြီးနှင့်တကွ ရွာသူကြီးကိုကူညီသည့် ရွာလက်ထောက်လူကြီးများ အသီး
သီးထားရှိလေသည်။ ဤအကြီးအကဲပုဂ္ဂိုလ်များသည် ရွာသူရွာသားများကို
ဘေးရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ကာကွယ်စောင့် ရှောက်ပါမည်ဟု
သံဓိဌာန်ချပြီး တာဝန်ကို လက်ခံယူရသည် ဖြစ်သည်။
No comments:
Post a Comment