LinkWithin

Related Posts Plugin for WordPress, Blogger...

Friday 12 April 2013

မြန်မာသံရုံးနဲ့ အလုပ်သမားအရေးအဖွဲ့တို့ ကူညီမှုကြောင့် မြန်မာအလုပ်သမား လျော်ကြေးရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရပ်ချဒါရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ၆ ထပ်အမြင့်က ပြုတ်ကျလို့ ခါးရိုးကျိုးသွားတဲ့ မြန်မာအလုပ်သမားတစ်ဦး လျော်ကြေးငွေရရှိအောင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ အလုပ်သမားရေး ကူညီနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ TACDB တို့က ဝိုင်းဝန်းကူညီခဲ့တဲ့အတွက် လျော်ကြေးငွေရရှိခဲ့ပါတယ်။
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ ယွန်းနဒီဦး ကုမ္ပဏီကနေ ပို့ဆောင်ခဲ့တဲ့ အသက်၂၄ နှစ်အရွယ် ပန်းရံအလုပ်သမား ကိုဌေးလွင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၆ ရက်နေ့က လုပ်ငန်းခွင်မှာ ဝရိန်ဆော်နေစဉ် ဓါတ်လိုက်ခံရတဲ့အတွက် ၆ ထပ်ကနေ ၄ ထပ်အမြင့်ကို ပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့ပါတယ်။

ကိုဌေးလွင်ဟာ ထိုင်းဘာသာနဲ့ ပကန်စံခွန် လို့ခေါ်တဲ့ အသက်အာမခံကို လုပ်ထားခဲ့တာဖြစ်လို့ ဒီကနေ့မှာ အာမခံကုမ္ပဏီက လျော်ကြေးငွေ ဘတ် ၂ သိန်း ပေးအပ်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေရှိခဲ့ရင် ဥပဒေအရ တောင်းဆိုနိုင်တာတွေရှိတဲ့အကြောင်း မြန်မာသံရုံးက အလုပ်သမားရေးအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။
အဲအလုပ်သမားအတွက် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အာမခံကုမ္ပဏီကနေ လျော်ကြေးရရှိစေဖို့ TACDB လို့ခေါ်တဲ့ ထိုင်းမြန်မာချစ်ကြည်ရေးဖောင်ဒေးရှင်းက လိုအပ်တဲ့အထောက်အထားတွေကို လေ့လာပြီးအကူအညီပေးခဲ့တာ ဖြစ်ပါတယ်။
ကိုဌေးလွင်ဟာ ဒဏ်ရာရပြီးနောက် လျော်ကြေးငွေရဖို့ စောင့်ဆိုင်းနေခဲ့ရာမှာ အလုပ်ရှင်ဖက်က ၅ လနီးပါးကြာအောင် အချိန်ဆွဲနေခဲ့တာကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးရာအရာရှိတွေနဲ့ TACDB အဖွဲ့တို့က ၀ိုင်းဝန်းကူညီခဲ့ကြတာဖြစ်ပါတယ်။
ထိခိုက်ဒါဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမား ကိုဌေးလွင် မြန်မာနိုင်ငံပြန်နိုင်ရေးအတွက် သံရုံးကပဲ အကူအညီပေးမယ်လို့ သိရပါတယ်။

No comments:

Post a Comment

COMMENT BOX *^v^*