LinkWithin

Related Posts Plugin for WordPress, Blogger...

Friday 19 April 2013

နေပြည်တော် မြို့နယ်တွေမှာ ဖုန်းကတ်တွေကို မဲစနစ်နဲ့ ရောင်းမည်


ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်က မြို့နယ် ၈ မြို့နယ်မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဖုန်းလိုင်းကတ်တွေကိုမဲဖေါက်ပြီး ရောင်းချပေးသွားမယ်လို့ နေပြည်တော်ဆက်သွယ်ရေး အင်ဂျင်နီယာရုံးက RFA ကို ပြောကြားပါတယ်။
မဲစနစ်နဲ့ ဖုန်းလိုင်းကတ်အရေအတွက် ၁၉၀၀၀ ကို လာမယ့် ဧပြီလ ၂၄ ရက်က စတင်ရောင်းချပေးသွားမယ်လို့ နေပြည်တော် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးက အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က RFA ကိုပာပါတယ်။

ရောင်းချပေးဖို့ ပြင်ဆင်နေတဲ့ အရေအတွက်ဟာ နေပြည်တော်မြို့နယ် ၈ မြို့နယ်က လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် နည်းလွန်းနေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ ဒါ့အပြင် အရေအတွက် နည်းလွန်းတာကြောင့် အုပ်ချုပ်ရေးမှူးရုံးနဲ့ လက်လှမ်းမီတဲ့ သူတွေလောက်ပဲ ရသွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေပြည်တော်တွင်းက မြို့နယ် ၈ မြို့နယ်မှာ လူဦးရေ ၇ သိန်းကျော်ရှိကြောင်း သိရပါတယ်။

No comments:

Post a Comment

COMMENT BOX *^v^*