LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 13 May 2013

အ၀လွန်သည့် အမျိုးသမီးများ အရက်စွဲပါက အသည်းရောဂါဖြစ်နိုင်ခြေ သုံးဆပိုမြင့်မားနိုင်

အ၀လွန်ပြီး အရက်သောက်ပါက အသည်းအဆီဖုံး ရောဂါဖြစ်နိုင်ခြေ မြင့်မားတယ်လို့ အပြည်ပြည်ဆိုင်ရာ အသည်းရောဂါအဖွဲ့မှ လေ့လာမှုအရ ထုတ်ဖော်ထားပါတယ်။ အ၀လွန်တဲ့ အမျိုးသမီးဖြစ်ပြီး ပုံမှန်အရက်သောက်သုံးရင် အသည်းရောဂါကြောင့် သေဆုံးနိုင်ခြေ သုံးဆခန့် ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ လေ့လာမှုအရ ပိန်တဲ့အမျိုးသမီးတွေ အရက်သောက်ရင် အသည်းရောဂါဖြစ်နိုင်ခြေ ၁ဒသမ၈ဆ ပိုများပါတယ်။
အရက်မသောက်ဘဲ အ၀လွန်နေရင် ရောဂါဖြစ်နိုင်ခြေဟာ ၁ဒသမ၇ဆ ပိုများပါတယ်။ ၀လည်းဝ၊ အရက်လည်းသောက်ရင် အသည်းအဆီဖုံး ရောဂါဖြစ်နိုင်ခြေဟာ သုံးဆ ပိုများသွားပါတယ်။ အရက်သောက်တာကို ယူနစ်နဲ့ သတ်မှတ်ပါတယ်။ ၀ီစကီ25mlဒါမှမဟုတ် ၀ိုင်ခွက်တစ်ဝက်စာကို တစ်ယူနစ်လို့ သတ်မှတ်ပြီး အ၀လွန်တာကို BMI (BMIတွက်နည်း စာမျက်နှာအချပ်ပိုDမှာ ဖော်ပြထားပါတယ်)နဲ့ သတ်မှတ်ပါတယ်။ BMI 25ထက်ကျော်ရင် အ၀လွန်တယ်လို့ သတ်မှတ်ပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ အရက်ကို နေ့စဉ်သုံးယူနစ်ထက် ပိုမသောက်သင့်ကာ အမျိုးသမီးတစ်ယောက်အနေနဲ့ နှစ်ယူနစ်ထက် ပိုမသောက်သင့်ဘူးလို့ အကြံပေးထားပါတယ်။

No comments:

Post a Comment

COMMENT BOX *^v^*