LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 13 May 2013

နိုင်ဂျီးရီးယားတွင် မွတ်စလင်-ခရစ်ယာန် လူမျိုးစုပဋိပက္ခ အချင်းများရာမှ လူ၄၀ခန့်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ တာရာဗာပြည်နယ် ဘူဂါရီမြို့တွင် မွတ်စလင်နှင့် ခရစ်ယာန်လူမျိုးစုများ မေလ၃ရက်နေ့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် လူ၄၀ခန့်သေဆုံးပြီး လူ၃၀ကျော် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါပဋိပက္ခ ဖြစ်ပွားချိန်တွင် လှုံဆော်သူများက နေအိမ်များကိုပါ မီးရှို့ခဲ့ကြသောကြောင့် ယခုအခါ ညမထွက်ရအမိန့်ကိုပင် အရေးပေါ်ထုတ်ပြန်ထားသည်။ နိုင်ဂျီးရီးယားဒေသခံ ခရစ်ယာန်များက ဈာပနအခမ်းအနားကို
ရိုးရာအစဉ်အလာအတိုင်း မြို့အနှံ့လှည့်လည် ကျင်းပခဲ့ရာ မွတ်စလင်များကြီးစိုးသည့် ၀ါကာရီမြို့သို့ရောက်ရှိစဉ် မွတ်စလင်များက ၀င်ရောက်နှောက်ယှက်ခဲ့ကြရာမှ အချင်းများခဲ့ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တိုင်ဝါကာရီတွင် ကျင်းပသည့် ဘောလုံးပွဲပြဿနာကြောင့် မွတ်ဆလင်နှင့် ခရစ်ယာန်လူမျိုးစုများ၏ ပဋိပက္ခကိုမီးစပျိုးပေးသကဲ့သို့ ဖြစ်ခဲ့သည်။
ခရစ်ယာန်ဒေသခံခေါင်းဆောင်၏ ဈာပနအခမ်းအနားတွင် ဓမ္မတေးရွတ်ဆိုသံများကို နားမခံနိုင်ဟုဆိုကာ မွတ်စလင်များက ဒေါသတကြီးဖြင့် ခရစ်ယာန်လူနည်းစု ဂျန်ကန်မျိုးနွယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်လိုက်ရုံမျှမက အလောင်းများကိုပင် ဖျောက်ဖျက်ပစ်လိုက်ကြသည်။ မွတ်စလင်-ခရစ်ယာန် အဓိကရုဏ်းမှ ထွက်ပြေးလွတ်မြောက်လာကြသည့် ခရစ်ယာန်များသည်လည်း ဒဏ်ရာများစွာ ရရှိထားပြီး ယင်းတို့အနက်မှ လူ၃၀ခန့်၏ အခြေအနေသည် လွန်စွာဆိုးရွားနေသည်။ ယခုအခါ နိုင်ဂျီးရီးယား မြောက်ပိုင်းတွင် မွတ်စလင်များ သောင်းကျန်းနေမှုကြောင့် ခရစ်ယာန်ပေါင်းများစွာသည် အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။ ပြီးခဲ့သည့်လကလည်း ဘာဂါမြို့တွင် အစ္စလာမ်အစွန်းရောက်များက ခရစ်ယာန်လူမျိုးစု ၂၀၀ခန့်ကို သတ်ဖြတ်၍ အိမ်၂,၀၀၀ကျော်ကို ဖျက်ဆီးခဲ့ကြသည်။

No comments:

Post a Comment

COMMENT BOX *^v^*