LinkWithin

Related Posts Plugin for WordPress, Blogger...

Monday 13 May 2013

အဆိပ်ခတ်ခံရ၍ အာဖဂန်ကျောင်းသူ ၁၅၀ကျော် ဆေးရုံတင်ခဲ့ရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဆူလ်တန်ရာဇီယာ အထက်တန်းကျောင်းတွင် ကျောင်းသူ၁၅၀ခန့်သည် ၎င်းတို့သောက်မည့် ဖျော်ရည်ထဲတွင် အဆိပ်ခတ်ခံရ၍ ဆေးရုံတင်လိုက်ရသည်။ ယင်းသို့ ဆေးရုံတင်ရသူများထဲတွင် ကျောင်းသူ၁၀ဦး၏ အခြေအနေမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီဟု ကဘူးလ်ဆေးရုံရှိ
ဆရာဝန်ကဆိုသည်။ ဆေးရုံတင်ထားရသော မိန်းကလေးများကို ဆေးစစ်ကြည့်ရာမှ ဖျော်ရည်ထဲတွင် အဆိပ်ခတ်ခံရကြောင်း အတည်ပြုနိုင်ပြီဟု မေလ၁ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ဖော် ပြောကြားလိုက်သည်။ အာဖဂန်နစ္စတန်တွင် ယခင်ကလည်း အမျိုးသမီးများ ပညာသင်ကြားသည်ကို မလိုလားသော ဘာသာရေးအစွန်းရောက်များက မကြာခဏဆိုသလို ယင်းသို့တိုက်ခိုက်လေ့ရှိသည်။ အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆူလေမန်မော်ရာဒီကလည်း ယင်းသို့ဖြစ်ပွားရခြင်းသည် မိန်းကလေးများ ကျောင်းသွားမှာကို တားဆီးလိုသောအစိုးရ၏ ရန်သူများလုပ်ရပ်ပင် ဖြစ်သည်ဟု စွပ်စွဲပြစ်တင်ထားသည်။

No comments:

Post a Comment

COMMENT BOX *^v^*