မဲစနစ်နဲ့ ဖုန်းလိုင်းကတ်အရေအတွက် ၁၉၀၀၀ ကို လာမယ့် ဧပြီလ ၂၄ ရက်က စတင်ရောင်းချပေးသွားမယ်လို့ နေပြည်တော် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးက အင်ဂျင်နီယာချုပ် ဦးသိန်းဟုတ်က RFA ကိုပာပါတယ်။
ရောင်းချပေးဖို့ ပြင်ဆင်နေတဲ့ အရေအတွက်ဟာ နေပြည်တော်မြို့နယ် ၈ မြို့နယ်က လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် နည်းလွန်းနေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ ဒါ့အပြင် အရေအတွက် နည်းလွန်းတာကြောင့် အုပ်ချုပ်ရေးမှူးရုံးနဲ့ လက်လှမ်းမီတဲ့ သူတွေလောက်ပဲ ရသွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေပြည်တော်တွင်းက မြို့နယ် ၈ မြို့နယ်မှာ လူဦးရေ ၇ သိန်းကျော်ရှိကြောင်း သိရပါတယ်။
No comments:
Post a Comment